"ဒီမှာ ခဏ ထိုင်လို့ရမလား"

သူ လူမှုရေးအရ မေးမြန်းတော့ စာရွက်တစ်ရွက်ကိုဖတ်နေသည့် ထိုလူက မော့ကြည့်သည်။ ဆရာ၀န်တစ်ဦးနှင့် လျော်ညီသော သန့်ပြန့်သည့် ဥပတိရုပ်အပြင်၊ အသားလည်း ဖြူသည့် ထိုလူက မျက်မှန်အဝိုင်း တပ်လျက်သားနှင့် တော်တော်လေးတော့ ကြည့်ကောင်းသည်။

"ရပါတယ်၊ ထိုင်ပါ"

သူ၏ ၀တ်စားထားပုံကို အနည်းငယ် စိတ်၀င်စားသလို ကြည့်ပြီးမှ ထိုဆရာ၀န်က ထိုင်ရန် ခွင့်ပြုသည်။ သူ maskကို ချွတ်လိုက်တော့ သူမျက်နှာကို အကဲခတ်သလို ကြည့်သေးသည်။

လူတွေက ခက်တယ်။ ကိုယ်နဲ့မဆိုင်ပဲ သိပ်စပ်စုကြတယ်။ ဒါမှမဟုတ် သူ့ရုပ်ရည်ကြောင့် တစ်စုံတစ်ရာများ သတိထားမိသွားလား။ ဟိုကောင်ရဲ့ ပရိတ်သတ်တော့ မဟုတ်ဘူးမလား။

"ဟို မင်းဒဏ်ရာ အဆင်ပြေရဲ့လား"

သူ့စဉ်းစားခန်းကို ဖြတ်တောက်ပေးလိုက်သည့် စကားသံကြောင့် မော့ကြည့်မိသည်။ နွေးထွေးသော အပြုံးတစ်ခုကို မြင်ရတော့ မျက်နှာလွှဲပစ်လိုက်သည်။ အဲ့ဒီလူရဲ့ အပြုံးက သူသိတဲ့လူတစ်ယောက်နဲ့ တူလွန်းသည်။ ‌ပါးသိုင်းမွေးရိပ်ထားသည့် စိမ်းဖန့်ဖန့်ပါးပြင်သာ မရှိခဲ့ရင် ဒီလူဟာ သူသိတဲ့သူလို့ အထင်မှားမိမှာပဲ။

"ကိုယ်က ဆရာ၀န်ပါ၊ မင်းခြေထောက်က ခွေလဲထားတာလား၊ ဒီတိုင်းဆက်နေရင် အဆစ်လွဲသွားလိမ့်မယ်"

"ကိုယ့်ခေါက်ဆွဲကိုသာ စားစမ်းပါ"

"ဆရာ၀န်တစ်ယောက်က၊ လူနာကို မြင်ရင်၊ ဒီတိုင်းတော့ ပြန်မလွှတ်နိုင်ဘူးလေ"

"အဟက် ကျွန်တော်က၊ ခင်များဆီမှာ ဒဏ်ရာ လာပြနေလို့လား"

သူအချဉ်ပေါက်စွာ ရိသဲ့သဲ့ပြောတော့လည်း ထိုလူက ခေါင်းညိတ်၍သာ သူ့ဗိုက်ကို လှမ်းကြည့်ပြန်သည်။ အနည်းငယ်အောင့်နေသေးသည့် ဗိုက်ဒဏ်ရာက ရန်ဖြစ်နေရင်း အကန်ခံလာရသည့် ဒဏ်ရာပဲ ဖြစ်သည်။

"မင်းဗိုက်လည်း ထိထားသလိုပဲ ရန်ဖြစ်လာတာလား"

"ကျစ် ခင်များ၊ လျှာတော်တော်ရှည်တာပဲ၊ စားစရာ ရှိတာစား၊ စားပြီးရင်လည်း ပြန်တော့"

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now