"သမီးကပျော်နေပြီး ကောင်းကင်က မပျော်သလိုပဲ
ကိုယ်နဲ့သွားရလို့လား"
"မဟုတ်ပါဘူး ပျော်ပါတယ်ဗျ"
ပျော်သည်ဆိုသော်လည်း ကောင်းကင်အပြည့်အဝမပျော်နိုင်ပါ။
ဒေါ်မိုးမြင့်နိုင်၏အဓိပ္ပာယ်များစွာနှင့်အကြည့်တို့ကို အခုထိလန့်နေမိသည်။
သမီးငယ်ကိုကြည့်ကာ အေးစက်စွာပြောလာသောစကားတစ်ခွန်းကလဲ "အတော်လေးတူတာပဲ"တဲ့လေ။
ဘာကိုလဲ……ဘာကတူနေတာလဲ။
"နော်လို့……ဖေဖေနော်……"
"ကောင်းကင် သမီးကပြောနေတယ်လေ"
"ဗျာ……အာ သမီးငယ်ဘာပြောတာလဲ"
"သမီးနဲ့ရေလွှာမိကျောင်းစီမယ်မဟုတ်လား
ဦးဦးဒေါက်တာကတော့ စီးပေးမယ်တဲ့"
"အင်း ဖေဖေလဲစီးပေးမှာပေါ့"
ထိုအခါသမီးငယ်က ကောင်းကင်ပါးကိုအနမ်းပေးသည်။
"ဘာတွေစဉ်းစားနေတာလဲကောင်းကင်"
"ဘာမှမဟုတ်ပါဘူးဗျ ဒီတိုင်းပါပဲ"
"အင်း သိပ်ပြီးစဉ်းစားမနေနဲ့ ခေါင်းဖြူနေလိမ့်မယ်
ကလေးအဖေလေး"
"အကိုကလဲ ကျနော်အဲ့လောက်မဟုတ်ပါဘူး
ကလေးအဖေမှန်းလဲသိပါတယ် ဒါပဲခဏခဏပြောနေတယ်"
"အဲ့ဒါကဘာလဲ မကြိုက်တာပေါ့လေ
တကယ်ကွာ အသဲယားစရာလေး မင်းတော့"
အသဲယားသည်ဆိုကာ ပါးကိုလာဆွဲသည်မို့ ကောင်းကင်လန့်ရပြန်သည်။
သမီးရှေ့မှာကို အကိုကလက်အငြိမ်မနေလိုက်တာ။
"သမီးရှိတယ်လေဗျာ အဲ့လိုမလုပ်နဲ့"
"သမီးရှိလို့ရှက်တာလား
ဘာရှက်စရာရှိလဲ သားဖတွေပဲကို"
"ဟာ အကို ဘယ်လိုတွေပြောနေတာလဲ"
"ဟုတ်တယ်လေ သမီးက ကိုယ့်သမီးပဲကို
မယုံရင်သေချာကြည့်လေ ရုပ်ချင်းဘယ်လောက်တူလဲ"
"တူလဲ ဒါကမဖြစ်နိုင်ဘူးဆိုတာ အကိုသိတယ်မို့လားဗျ
ကျနော်ဒီနေ့အကို့ကိုပြောစရာလဲရှိတယ်"
"အင်း ကိုယ်လဲမင်းကိုပြောစရာရှိတယ်"
"ဘာလဲဗျ အခုပြောလို့ရမလား"