"စားမယ် !"

"ဘာစားမှာလဲ "

နားနားကပ်ကာ နှစ်ကိုယ်ကြားအသံဖြင့် ပြောလိုက်သောကြောင့် ကျောထဲပင် ချမ်းစိမ့်သွားရသည်။

"ထမင်းကိုပြောတာ ထမင်းစားမယ်လို့"

"ဟုတ်ပြီ လိမ္မာတယ်... ထ"

အပေါ်ကနေ ဖယ်ပေးရင်း စိုင်းခန့် ကိုယ်ကိုပါ ခါးကနေ မကာထူလိုက်တာကြောင့် သူ့ရင်ခွင်မှာ ကပ်လျက်။ရုန်းလိုက်ပြီး ခုတင်ပေါ်ကဆင်းကာ အခန်းပြင် ပြေးထွက်လိုက်တော့ အနောက်မှ ရယ်သံသဲ့သဲ့ကြားရသည်။
တခြားသူကို စနောက်နေရတာ သူအဲ့လောက်ပျော်လား။အကျင့်မကောင်းတဲ့ လူကတော့။

အိမ်အောက်ထပ်ကို ရောက်တော့ ဧည့်ခန်းက နာရီက 8နာရီကို ညွှန်ပြနေသည်။သို့သော် ၉နာရီမှ အလုပ်ဆင်းသော အိမ်အကူအဒေါ်ကြီးနဲ့ ခြံစောင့်ကိုမတွေ့ရဘဲ တစ်အိမ်လုံးတိတ်ဆိတ်နေသည်။

အနောက်က လိုက်လာသော နေရှိန်က မီးဖိုချောင်ထဲ ဝင်သွားကာ ကိုယ်တိုင် ချက်နေသည်။သူလို လူမျိုးက ဘက်စုံရနေတော့တာပဲ။
သိပ်မကြာလိုက်။ စိုင်းခန့် ထိုင်နေသော စားပွဲရှေ့ ဟင်းပွဲတချို့နဲ့ ထမင်း ပန်းကန်ရောက်လာသည်။ မျက်နှာချင်းမှာဝင်ထိုင်ပြီး ထမင်းအဖြူမမြင်ရတော့တဲ့အထိ ဟင်းတွေ ထည့်ပေးရင်းနောက် နေရှိန်က မစားသေးဘဲ စိုင်းခန့် စားတာကို ထိုင်ကြည့်နေသည်။

"အဆင်ပြေလား"

စားနေရင်းပဲ ခေါင်းညိတ်ပြလိုက်တော့

"တော်သေးတာပေါ့ နောက်လည်း ကိုယ်ပဲချက်ပေးမယ်"

"မလိုပါဘူး ဒေါ်ကြီးရှိတာပဲ"

စိုင်းခန့်ကို ပြုံးကြည့်နေတဲ့နေရှိန်မျက်နှာ တည်သွားသည်။ထို့နောက် ဖန်ခွက်ထဲကို ရေငဲ့ထည့်ပြီး ဘေးနားချပေးကာ

"အလုပ်ထုတ်လိုက်ပြီ"

စိုင်းခန့် နားမလည်သလို သူ့ကို ကြည့်လိုက်တော့ စိုက်ကြည့်နေသော မျက်ဝန်းတွေမှာ အဖြေပေးနေသည်။မနက်က ကိစ္စကိုကြောင့်လား။ စိုင်းခန့်ကိုပြောရုံလောက်နဲ့တော့ အလုပ်ထုတ်ရတဲ့အထိတော့ မလုပ်လောက်ပါဘူး။

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now