Announcement
11.2K 870 44
《Zawgyi》
Konnichiwa 🥰🥰
《Unicode》
Konnichiwa 🥰🥰
"ဘုရင့်ကိုယ်လုပ်တော်အား ခိုးယူခြင်း" ဘာသာပြန်လေး ၂နှစ်ကြာပြီးတဲ့နောက်မှာ ဒီနေ့တော့ 2M reads ကိုတောင် ရောက်သွားခဲ့ပြီ ... 😍 တကယ်ကျေးဇူးတင်ပါတယ်နော် ... ဘယ်လောက်ဖတ်ဖတ် မရိုးသွားဘူး အရမ်းသဘောကျတယ်လာပြောကြတော့ ကျွန်တော်လည်း တကယ်ပျော်မိတယ် 🥰
သတင်းဆိုးတစ်ခုရှိပါတယ် ဒါကတော့ မူရင်းauthorက wattpadမသုံးတော့ပါဘူးတဲ့ 😭 သူ့ဆီကအဆက်လေးတွေ ထပ်ရေးဖို့ခွင့်တောင်းထားတာ အရင်ကတည်းက ခွင့်ပြုခဲ့ပေမယ့် အခုတော့ သူ့ရဲ့ဇာတ်လမ်းတွေက အဆုံးသတ်ကိုမရောက်တော့ ကျွန်တော်လည်း ဘာသာပြန်ဖို့ခက်နေတယ် 😥
လာမေးကြတာလေးတွေ ဒီနေ့ဖြေပေးလိုက်မယ်နော်
Q: အဆက်ကို ဘယ်တော့ဆက်ရေးမှာလဲ
A: အဆက်ကမပြီးသေးပေမယ့် ရေးဖို့ ခွင့်ပြုချက်ရပြီးသားဖြစ်တဲ့အတွက် ဖတ်မယ့်သူရှိရင် ဆက်ရေးပေးပါ့မယ် ဒါပေမယ့် ဇာတ်လမ်းအဆုံးကိုတော့ သူရေးသလောက်ပဲ ပြန်ရေးမှာပါ
Q: စာအုပ်ထုတ်ပေးလို့ရမလား
A: စာအုပ်ကထုတ်ဖို့အစီအစဉ်မရှိပါဘူး ကိုယ်ပိုင်တာမဟုတ်တဲ့အတွက် ခွင့်တောင်းဖို့လိုပါတယ် authorက wattpad မသုံးတော့လို့ ကျွန်တော်လည်း မေးလို့မရတော့ပါဘူး ဒါကြောင့် စာအုပ်ထုတ်ဖို့ မတောင်းဆိုပါနဲ့နော် ကိုယ့်အတွက်အမြတ်မယူဘူး ဝယ်မယ့်သူတွေအတွက်ပဲ ထုတ်မယ်ဆိုရင်တောင် ကျွန်တော်လိပ်ပြာမလုံလို့ပါ
ဒီနေ့ကတော့ အမှတ်တရလေးပါပဲ 🥰 ဖတ်ပေးကြတဲ့သူတွေတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ် replyမပြန်ဖြစ်ရင်လည်း မာနကြီးတယ်ဆိုပြီး စိတ်မဆိုးကြပါနဲ့နော် 🥺