"မရီး ဘာလို့လဲ ကိုကိုနဲ့မကွာရှင်းလို့ မဖြစ်ဘူးလား"
"အမစိတ်မကောင်းပါဘူးငါ့မောင်ရယ်
ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်တဲ့မင်းအကိုကို အမတကယ်စိတ်ပျက်တယ်…အတူရှိခဲ့တဲ့ ဒီအတောအတွင်းမှာ အမအတွက် နည်းနည်းလေးတောင် ထည့်မတွေးပေးခဲ့ဘူး"
"ကျနော်ပြောပါ့မယ် မရီးကိုဂရုစိုက်ဖို့ ကျနော်ကိုကို့ကိုပြောမယ်"
"နေပါစေတော့……သူအမကိုနားလည်ပေးနိုင်လို့
ပြန်ပေါင်းမယ်ဆိုရင်တောင် မင်းတို့အဖွားရှိနေသရွေ့ အမဆုံးဖြတ်ချက်မပြင်ဘူး ငါ့မောင်လဲသတိထားပေါ့ ကိုယ်တကယ်ချစ်တဲ့သူတွေ့တဲ့အခါ ဦးစားပေးပါ နေရာတိုင်း အဖွားစိတ်တိုင်းကျချည်းပဲလိုက်လုပ်နေရင် ဘယ်လိုခံစားပြီး ဘယ်လိုသိမ်ငယ်လာရလဲ အမပဲသိတယ် အဲ့ဒါကြောင့် မင်းလက်ထပ်ရင်တောင် မင်းအဖွားအရိပ်က
လွတ်အောင်ရုန်းနိုင်ပါစေ အမသွားတော့မယ်"
ဒါဆိုမရီးက အဖွားကြောင့် ကိုကိုနဲ့ကွားရှင်းလိုက်သည်လား။
အဖွားကမြေးတွေနဲ့ပတ်သက်ရင် စိတ်ဆက်တက်တာသိသော်လည်း
မရီးကတော့ အဖွားစိတ်ကြိုက်ရွေးထားတာမို့ အခုလောက်အထိဖြစ်လိမ့်မည်မထင်ခဲ့။
အဖွားနဲ့မရီးဖြစ်တဲ့ကိစ္စက တော်ယုံတော့ဟုတ်မည်မထင်။
ကိုယ်တိုင်ကလဲ သူများကိစ္စသိပ်စိတ်မဝင်စားသည်မို့
ကိုကို့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အဖွားကိုလဲ ဘာမှမပေးဖြစ်ခဲ့။
စိတ်မကောင်းယုံကလွဲပြီး ဘာမှမတက်နိုင်သည်မို့ အိမ်ထဲပြန်ဝင်လာခဲ့သည်။
"မြေးကြီး ဘာမှစိတ်မကောင်းဖြစ်စရာမလိုဘူး
ဒီအဖွားရှိနေသရွေ့ ကြည်နူးပွင့်ထက်သာတဲ့ မိန်းကလေးမြေးအတွက်ရှိလာစေရမယ် မာနထောင်လွှားနေတဲ့မိန်းမမျိုး
အဖွားတို့မိသားစုထဲမှာ မရှိတာ ဂုဏ်ယူစရာကိစ္စပဲ"
အဖွားစကားကြောင့် ခန့်တည်ခြေစုံပင်ရပ်မိသွားသည်။
အိမ်ထောင်တစ်ခုကနေ တစ်ခုပြောင်းဖို့ အရမ်းလွယ်ကူနေသည်ဟုများ အဖွားထင်နေသလား။
မျိုးရိုးဆိုတာကိုပါးစပ်ဖျားကမချတဲ့အဖွားက ကိုကို့ကိုနောက်အိမ်ထောင်ပြုဖို့ တိုက်တွန်းနေတာလား။
ယောကျာ်းလေးမို့ ဂရုစိုက်စရာမလိုဘူးလို့များထင်နေတာလား။