💜Part 1💜Unicode

Start from the beginning
                                    

"ပြေပါတယ် ဖေဖေရ နှစ်ယောက်ဆိုတော့ အဖော်တောင်ရသေး မပျင်းရတော့ဘူးပေါ့😁"

"ဟုတ်ပါပြီ ဖေ့သားလေးရယ် သားအခန်းဖော်က မရောက်သေးဘူးတဲ့ နောက်၂ရက်လောက်နေမှ လာမယ်တဲ့"

"အယ် သူက ဘာလို့လဲ သိဘူးနော် မနက်ဖြန် ကျောင်းဖွင့်ပြီကို "

"သူက ဒီနဲ့ ဝေးလို့နေမှာပေါ့သားရယ် ကဲ ဒါဆို ဖေဖေပြန်တော့မယ်နော် သားလေးဂရုစိုက်နေခဲ့"

"ဟုတ် ဖေဖေ တာ့တာ သားညတိုင်းဖုန်းဆက်မယ်နော် သားကို အမြဲ လွမ်းနေကြနော် မမေ့ရဘူး"

"အမလေး ဟုတ်ပါပြီ ဖေဖေ့သားဟအချွဲလေး ဟဟ ဖေဖေသွားပြီနော်"

"ဟုတ်ကဲ့ ဘိုင့်ဘိုင်"

မနက်ဖြန်မနက် ကျောင်းစတက်ရမဲ့နေ့မို့ ခန့်ပြည့်ပိုင် တစ်ယောက် စိတ်လှုပ်ရှားနေသည်။ အပေါင်းအသင်းကလည်း မရှိသေး၍ ပျင်းနေသည်။

"ဟူး သူငယ်ချင်းလည်း မရှိသေးဘူးကွာ ပျင်းလိုက်တာ "

ထိုစဥ် ဒေါက် ဒေါက် ဒေါက်

"ဘယ်သူလဲ ဝင်ခဲ့ပါဗျ"

ကောင်လေးနှစ်ယောက်ဝင်လာသည်။ ခန့်ပြည့်ပိုင်နှင့် သက်တူရွယ်တူလောက်ပင်ဖြစ်သည်။ ထိုထဲက တစ်ယောက်ကစပြီး

"ငါတို့ ဒီဘက်ကုတင်မှာ ထိုင်လိုက်မယ်နော်"

"အေး ထိုင်ကြ"

"ငါ့နာမည်က ထက်နိုင် , သူ့နာမည်က အောင်ကျော် ငါတို့က မင်းအခန်းရဲ့ ကျောခြင်းကပ် အခန်းက အဆောင်မှူးက မင်းအခန်းဖော် မရောက်သေးဘူး တစ်ယောက်တည်း ဖြစ်နေတယ် ဆိုလို့ ငါတို့လာမိတ်ဆက်တာ"

" ဟုတ်တယ်ကွ ငါအခုတောင် ပျင်းနေတာ အော် ငါ့နာမည်က ခန့်ပြည့်ပိုင်"

"မင်းက ဘယ်Majorလိုချင်တာလဲ"

"ငါက Civil တက်ချင်တာကွ မှီမယ်ထင်တာပဲ တစ်ပတ်လောက်နေမှ မေဂျါခွဲမယ်ပြောတယ်"

" ဟာ ဒါဆို တူတူပဲပေါ့ကွ ငါတို့လည်း အဓိကက Civil major လျှောက်ထားတာ အမှတ်လည်းမဆိုးဘူးဆိုတော့ မဗီနိုင်တယ်"

"မင်းတို့နှစ်ယောက်က ငယ်ငယ်ကတည်းက သူငယ်ချင်းလား"

"ဟား မဟုတ်ပါဘူးကွာ ဒီရောက်မှ ခင်ကြတာကွ ငါတို့က မနေ့ကတည်းက ရောက်ကြတာ"

Friendzone⚽🤼‍♂️ ( Uni+Zaw )Where stories live. Discover now