"ကျနော်လဲမရှာသလို အကိုလဲ သိဖို့မလိုဘူးဗျ"
"ရတယ်လေ ဒါဆိုကိုယ်စိတ်ကြိုက်ဆုံးဖြတ်မယ်
အဲ့လူကိုရှာပြီး ကောင်းကင်နဲ့သမီးကိုတောင်းမယ်
ကောင်းကင်က ကိုယ့်လက်တွဲဖော် သမီးက ကိုယ့်သမီး"
"တောင်းပန်ပါတယ် အဲ့လိုတော့မလုပ်ပါနဲ့အကို
အိမ်ကမေမေတို့သိရင်လဲ ကျနော့်အတွက်မကောင်းဘူးဗျ
အဆိုးဆုံးက အကို့အတွက် ကောင်းတာဘာမှဖြစ်လာမှာမဟုတ်ဘူး
အကိုကျနော့်ကိုချစ်တယ်ဆိုတာ ဒီလိုတွေလုပ်ဖို့လားဗျ"
"အင်းပေါ့ ကောင်းကင်နဲ့သမီးကို ကိုယ်ပိုင်ရဖို့
လူတွေအများကြီးရှေ့မှာ ကောင်းကင်က ကိုယ့်အပိုင်ပါဆိုပြီး
ကြွားပစ်မှာ……"
"အဲ့လိုလုပ်လို့တကယ်မရဘူးနော်အကို
ကျနော်တခြားသူနဲ့အတူမနေချင်ဘူးဗျ ဒီကိစ္စတွေသာ ပေါ်ကုန်ရင်
ကျနော်တခြားသူနဲ့ယူရလိမ့်မယ်ဗျ……ကျနော်ဘယ်သူနဲ့မှမယူချင်ဘူး……ကျနော်ချစ်လဲမချစ်ချင်ဘူး"
ငိုသံပါလာသည့်ကောင်းကင်ကို ခန့်တည်ဆက်ပြီးစချင်နေသေးသည်။
ငိုသွားမှ ပြန်ချော့တော့မည်။
"တခြားသူကိုမချစ်ချင်ရင် ကိုယ့်ကိုပြန်ချစ်လေ
အဖြေပေးလိုက် အဲ့ဒါဆိုရတာပဲ……ကောင်းကင်ရော သမီးရော
ကိုယ်နဲ့ပဲနေ ဘယ်သူ့မှလဲယူစရာမလိုဘူး"
"အဲ့လိုလဲမရဘူးလေဗျာ……ကျနော်မှ……အင့်……
အကို့ကိုအခက်မတွေ့စေချင်တာ"
"Okလေ ကောင်းကင်ဆက်ပြီးငြင်းနေရင်တော့
ကိုယ်စုံစမ်းစရာရှိတာ အကုန်စုံစမ်းရမှာပဲ"
"ကျနော်ပြန်စဉ်းစားပေးပါ့မယ်ဗျ……ဘာမှတော့ မစုံစမ်းပါနဲ့
ပြီးတော့……ကျနော်ပဲရှာပါ့မယ်"
"ဘယ်သူ့ကိုရှာမှာလဲ"
"အဲ့ဒီလူ……သမီးငယ်ရဲ့အဖေကိုပါ"
"ရှာတွေ့တဲ့အခါ သူကကောင်းကင်ကိုခေါ်သွားရင်ရော ကဲ"
"ကျနော်မလိုက်ဘူးပေါ့ဗျ……ကျနော်မှသူ့ကိုမချစ်တာ"
"ဒါဆိုဘယ်သူ့ချစ်တာလဲ"
"အကို့ကိုချစ်တာဗျ……အယ်……"