Unicode
ကျွန်တော်ပြေးနေတယ်။ ကားလမ်းသော ဘာသောကျွန်တော်မသိတော့ဘူး။ ကျွန်တော် သူ့ဆီရောက်ဖို့သာ စိတ်အားထက်သန်နေတယ်။ ကားဟွန်းသံတွေနဲ့ ကားမောင်းနေတဲ့သူတွေရဲ့ ဆဲဆိုသံတွေလည်း ကျွန်တော်ဂရုမစိုက်အားသေးဘူး။ ခုချိန်သူကဘဲ ကျွန်တော့်အတွက်အရေးကြီးနေတာမို့...။ သူစီရောက်ရင် ကျွန်တော့်အတွက်အရာရာ ငြိမ်းချမ်းပြီ။
ခြေထောက်တွေပေါက်ပြဲပြီး ညောင်းညာတဲ့အထိ ပြေးလာပြီးတဲ့နောက်တွင် သူဦးတည်ရာနေရာသို့ရောက်ပြီဖြစ်သည်။ ကမ်းပါးလေး။ ထိုကမ်းပါးနားသို့ ထပ်ပြီးပြေးသွားပြန်သည်။ အရူးတစ်ယောက်လိုဘဲ သူတစ်စုံတစ်ယောက်ကိုရှာနေမိတယ်။ ဒါပေမဲ့ မတွေ့သေးဘူး။
"ဝသုန်.........."
သူသည်အားကုန်သုံးကာ ကျယ်လောင်စွာအော်ခေါ်လိုက်သော်လည်း ပြန်ထူးသံမကြားရသေး။ ပြေးလာသည့်လမ်းတစ်လျှောက်လုံးထိန်းလာသည့် မျက်ရည်စတို့သည် သူ၏ မျက်လုံးအိမ်ထဲမှ တစ်လိမ့်လိမ့်ကျဆင်းလာလေသည်။ သူ၏ ရင်တွင်းမှတင်းကြပ်နေမှုအား သက်သာလိုသက်သာငြား ရင်ဘတ်ကို တစ်ဘုံးဘုံးထုလျက်အော်ငိုနေမိသည်။ သို့သော် သူတမ်းတနေသော ဝသုန်ဆိုသော ကောင်လေးမှာလည်း အဝေးဆုံးသို့ထွက်သွားပြီဖြစ်လေသည်။
အတိတ်တွေက ချိုသာသော်လည်း ပစ္စုန်ပန်တွင် လက်မခံနိုင်လိုက်သည့် ကိစ္စများသည် အစီအစဥ်ချထားသလို ဖြစ်ပျက်သွားပြီဖြစ်သည်။
အဲ့လိုဆို ချိုမြိန်တဲ့ အတိတ်ဆိုတာကရော...
***************************************
လွန်ခဲ့သော ၄လခန့်က
ဇွန်လ၏ ပထမဆုံးသော မိုးသည် ပြိုင်ဘက်ကင်းအောင် သည်းထန်စွာရွာသွန်းနေသည်။ ပြတင်းပေါက်နားမှာထိုင်ရင်း ကျွန်တော်၏ အိမ်တွင်းရေး ကိစ္စများကြောင့် စိတ်ဓါတ်ကျမှုသည် မိုးကြောင့် ပိုပြီး အသက်ဝင်နေသယောင်...။
"ဟဲ့ ဥက္ကာ နင်ဟာလေ အားနေ ထိုင်နေတယ်။ အသုံးကိုမကျဘူး ရေလေးဘာလေးထဆွဲပြီး စဥ့်အိုးထဲ ကဲ့ထည့်ပါလား အလကားကောင်"
YOU ARE READING
Shallow(one Shot)