"ကျေးဇူးတင်ပါတယ်ဒေါက်တာ ဒါကောင်းကင်အခန်းပါ
ကျမအထဲထိလိုက်မပို့တော့ဘူးရှင့် ခဏနေသွားကြတော့မှာမို့
အိမ်ရှေ့တံခါးစေ့ထားခဲ့ပါ့မယ် ဒေါက်တာအောက်ဆင်းမနေရအောင်ပါ""ဟုတ်ကဲ့ဆရာမ ဒါနဲ့သမီးလေးမမြင်ဘူးနော်"
"ရှိပါတယ်ဒေါက်တာ အလှပြင်ပေးထားလို့ အခန်းထဲကမထွက်လာသေးတာ ဒါဆိုခွင့်ပြုပါအုံး"
"ဟုတ်ကဲ့"
အောက်သို့ပြန်ဆင်းသွားသည့် ဆရာမကြယ်စင်ကို ခန့်တည်ကျေးဇူးတင်မိသွားသည်။
ဒီလိုဆိုခန့်တည်က ကောင်းကင်အနားမှာ အနေကုန်နေရမည်ပေါ့။
ဆေးရုံအုပ်ထံခွင့်တစ်ရက်လောက်တင်ပြီး အဖွားမသိစေဖို့ပါ တခါထဲပြောရမည်။လော့ချမထားသည့် အခန်းတံခါးကိုဖြေးဖြေးဖွင့်ကာ ဝင်လာခဲ့တော့
စောင်အနီရောင်အောက်တွင်မြှုပ်နေသည် ကိုယ်လုံးသေးသေးလေးကိုသာတွေ့ရသည်။
ခြေဖော့နင်းရင်း ခုတင်ဘေးနားစီရောက်တော့ မျက်နှာဖြူဖြူလေးကိုမြင်ရသည်။
တစ်စောင်းအနေအထားဖြင့် လက်ကလေးခေါင်းအောက်ခုကာအိပ်နေသည့် ကောင်းကင်ကနှုတ်ခမ်းလေးတောင်ချွန်လို့။ထိုင်ခုံလေးကိုရွေ့ကာ ဘေးနားမှာထိုင်ရင်း အိပ်မောကျနေသည့်
ကောင်းကင်ကိုသာ အပြည့်အဝငေးကြည့်နေလိုက်မိသည်။
မနက်ခင်းထွက်တဲ့နေရောင်ခြည်ကတောင် ကောင်းကင်လောက်တော့လှမည်မထင်။
လူတစ်ယောက်ကအိပ်ယာထတဲ့အချိန်မှာ အလှဆုံးဆိုပေမဲ့
ကောင်းကင်ကတော့ အချိန်ပြည့်လှသည်။
အိပ်မောကျနေတဲ့အချိန်လဲ ချစ်စရာကောင်းသလို
အပြင်မှာတွေ့တဲ့အချိန်မှာလဲ အသဲယားစဖွယ်အတိပင်။
ရိုကျိုးလွန်းသည့်ကောင်းကင်ကို ခန့်တည်မှမဟုတ် မည်သူမဆိုချစ်မှာသေချာသည်။ပါးပြင်ဖြူအုအုလေးကို နမ်းချင်မိသော်လည်း ထိရင်တောင် ပဲ့ကြွေသွားလေမလားထင်ရတာမို့ ငေးမိယုံနဲ့သာကျေနပ်ရသည်။
တရားဝင်ပိုင်ဆိုင်ခွင့်ရမှပဲ အတိုးနဲ့ချစ်ခြင်းခြွေပါ့မယ်ကောင်းကင်။
……………………………………………"အဲ့……ဖေဖေ ဘာတွေစိတ်တိုင်းမကျနေတာလဲ
သမီးဘာလုပ်မိလို့လဲ"
![](https://img.wattpad.com/cover/239455192-288-k6839.jpg)
Part 17
Start from the beginning