အပိုင်း(၃၄) မင်းသွားသာသွားစမ်းပါ...
4.1K 675 37
အပိုင်း(၃၄) မင်းသွားသာသွားစမ်းပါ,နောက်ပြန်မလှည့်လာရင် ငါရှုံးပြီလို့မှတ်လိုက်မယ်
ကောင်းကင်ဗိမာန်သည်ကား ဘုံလှေကားထစ်ကိုးဆယ့်ကိုးထစ်တို့၏အထက်, တောင်ခါးပန်းယံ၌ ထီးထီးကြီးတည်ရှိနေသည်။ ကောင်ကင်ယံတွင်ကွယ်ပျောက်လုဆဲဆဲဖြစ်နေသည့် နေဝန်းနီနီအား နောက်ခံပြု၍ အဆိုပါရှုမောတင့်တယ်လှသော ကောင်းကင်ဗိမာန်အဆာက်အအုံကို မြင်လိုက်ရသူတို့အဖို့ စိတ်နှလုံးထဲတွင် နှစ်လိုဖွယ်ပီတိများ တဖွားဖွားပေါ်လာစေ၏။
ဘုံလှေကားထစ်တစ်ဖက်၌မူ ရွှေရောင်တဖိတ်ဖိတ်တောက်နေသော ဘုံကျောင်းများမှာ အမွှေးနံ့သာတလူလူနှင့် တိတ်ဆိတ်လျက်ကြည်ညိုစရာကောင်းဖွယ် တည်ရှိနေပြန်သည်။
ရန့်ဟော်ချင်းက မျက်ခုံးပင့်လိုက်ကာ__
"ဒီနေရာက?"
"ဒီနေရာက မြောက်ဘက်တိုင်းပြည်ရဲ့ဘိုးဘေးဧကရာဇ်တွေကို ပူဇော်ကန်တောတဲ့နေရာဖြစ်သလို အမွေအနှစ်ပစ္စည်းတွေကိုထိန်းသိမ်းတဲ့နေရာပဲ, မင်းဒီမှာနေခဲ့ပြီး ငါ့ကိုခဏလောက်စောင့်ပေး, ငါမြန်မြန်သွားပြီးပြန်လာမယ်"
ရှောင်းယွီအန်းသည် ရန့်ဟော်ချင်းမျက်နှာရိပ်ကို သေချာစွာကြည့်ပြီး သတိထားကာပြောလိုက်သည်။
အရင်ဧကရာဇ်ရဲ့ကမ္ပည်းတိုင်ကအထဲမှာရှိနေတယ်မို့လား
ရန့်ဟော်ချင်းကမူ ဖြည်းဖြည်းချင်း ခေါင်းပြန်ငြိမ့်ပြ၏။
ရှောင်းယွီအန်းသည် ကိုယ်ပေါ်မှဖုန်တို့ကို တဖုတ်ဖုတ်ခါကာ ဝတ်ရုံကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်လိုက်ပြီး ဘုံကျောင်းထဲဝင်သွားလေသည်။
ဆုတောင်းကန်တော့သည့်နေရာတွင် စစ်သည်ရဲမက်များစွာစောင့်ကြပ်လျက်ရှိ၏။ အစောင့်ရဲမက်များအနေဖြင့် ရှောင်းယွီအန်းရုတ်တရက်ပေါ်လာသည်ကို သံသယဖြစ်မိသော်လည်း မတားရဲချေ။ ရှောင်းယွီအန်းလည်း အတားအဆီးမရှိဘဲ ခန်းမထဲ ဝင်သွားတော့သည်။
ခန်းမကြီးထဲတွင် ရှေ့အဆက်ဆက်ကဧကရာဇ်တို့၏ ကမ္ပည်းတိုင်များကိုခင်းကျင်းထားသည်။ တစ်ခုချင်းစီမှာလက်ရာမြောက်ကာအနုစိတ်ကျလွန်းသည့်အပြင် ရွှေရောင်စကားလုံးများကိုလည်း ကမ္ပည်းတိုင်ပေါ်၌ထုဆစ်ထားသည်။ ခန်းမဆောင်ထဲ၌ အမွှေးတိုင်နံ့သာအိုးကိုထွန်းညှိထားပြီး သစ်သီးပန်းကန်နှင့် ဝက်ခေါင်းကိုပါ အစီအစဉ်တကျခင်းထားသေးသည်။ ရှောင်းယွီအန်းသည် တစ်ခဏမျှစဉ်းစားပြီးသော် ကိုယ်ကိုကိုင်းလျက် ရိုသေစွာကန်တော့လိုက်သည်။