''ငယ် မင်းအိပ်နေတာကြာပြီနော် ကိုယ့်ဆီပြန်မလာချင်တော့လို့လား။ကိုယ့်ကိုမုန်းသွားလို့လားဟင်..
ငယ် တော်တော်လေး နေနိုင်ရက်တယ်..ကိုယ့်မှာ ပူလောင်မှုတွေနဲ့ရှေ့ဆက်နေရတာ မလွယ်ကူလှဘူး။''

လွန်းနဲ့စစ်မဟာကတော့ အဆင်ပြေပြေပါပဲ..ဒါပေမဲ့ လွန်းက စစ်မဟာအပေါ် အနိုင်ယူတတ်ဆဲ..
ခုလည်းကြည့်..
''လူကြီး..လူကြီးရေ..နာလို့ နာလို့ လာကြည့်ပေးအုံး..''အိမ်ရှေ့က သရက်ပင်ကြီးပေါ်က
အော်ခေါ်နေပြန်တဲ့ လွန်းကြောင့် စစ်မဟာမီးဖိုခန်းထဲက ပြေးထွက်လာရပြန်တယ်။

သစ်ပင် ခွကြားခြေထောက်ညှပ်နေတဲ့ လွန်းကြောင့်.. စစ်မဟာမျက်လုံးပြူးရင်း..

''ကလေးရာ..ဘာလို့အပင်ပေါ်တတ်ရတာလည်း..ကိုယ်ပြောသားပဲ ''

ခေါက်လှေကားယူပြီး သူ့ကလေးကိုယ်လေးကိုပွေ့ချီပြီးခေါ်ရပြန်တယ်လေ...
အဖြူရောင် အသားအရေလေးပေါ် နီရဲရဲခြစ်ရာကိုမြင်ပြီး..
''အပင်ပေါ် ဘာတတ်လုပ်..ပြောစမ်း..''

''ဟိုမှာလေ..သရက်သီးတွေ မှည့်တော့မယ်လေ..အပင်မှည့်တွေက အရမ်းချိုတာ..
ကလေးစားချင်လို့တက်ခူးတာ။''

''အပြင်မှာဝယ်စားရင် ဘယ်လောက်မှ မရှိဘူး..ကိုယ်ဝယ်ပေးမှာပေါ့..
နောက်ဆို အပင်ပေါ်မတက်ရဘူးနော်။''

''လူကြီး..ခြေထောက်ကနာတယ်..''

''ကိုယ်ဆေးထည့်ပြီး နှိပ်ပေးမယ်..ခဏပဲ..''

ပြောသာပြောနေတာ..
မီးဖိုခန်းထဲက ညှော်နံ့ရမှ နှစ်ယောက်သား
ပြောလိုက်သံက..
''ကုန်ပြီထင်တယ်..''

ဟင်းအိုးကြီးတူးကုန်တဲ့အတွက်..
အဲ့ဒီနေ့မှာတော့ အပြင်မှာပဲထွက်စားလိုက်ကြတယ်။

လွန်းတစ်ယောက် စစ်မဟာအပေါ်အရမ်းဆိုး..စစ်မဟာသူ့အပေါ်တကယ်ချစ်တာသိပြီးတဲ့နောက် သူကအခွင့်အရေးရရင် ရသလို အနိုင်ပြန်ကျင့်တာ..
သူ တခုခုခိုင်းတော့မယ်ဆိုရင် ကိုကို ကိုကိုနဲ့ စိတ်မလိုတော့ရင် လူကြီးခေါ်လိုက် ဦးစစ်မဟာခေါ်လိုက်နဲ့ အတော်လေး စွာတဲ့လွန်းခေတ်ပါ။

''ကိုကို..ကိုကို..လမ်းမရှောက်ချင်တော့ဘူး
ကလေးကို ကုန်းပိုး..''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now