တစ်

331 41 0
                                    

Unicode

" Fern မလိုတဲ့ပစ္စည်းတွေထားခဲ့နော်
မဟုတ်ရင် ရှုပ်နေမှာ"

မန်နေဂျာ အစ်မဟာ Fern ကြားနိုင်လောက်တဲ့အသံအနေအထားနဲ့တစ်ချက်အော်ပြီး ထည့်စရာရှိ
တဲ့ပစ္စည်းတွေကိုထပ်ထည့်နေတယ်။
စိတ်အခြေအနေမကောင်းတဲ့ Fernကြောင့်မန်နေဂျာအစ်မက ဒီခရီးကိုစီစဉ်လိုက်တာ။fern schedule တွေမရှိတာလည်းပါမှာပေါ့။Fernရောအစ်မရောက
ဒီအတောအတွင်းအလုပ်တွေသိပ်လက်မခံဖြစ်
တော့ပါ။ fern ရဲ့စိတ်အခြေအနေကြောင့်ရော၊
အစ်မက fernကိုစိတ်မချတာကြောင့်ရောဖြစ်သည်။
ဒီလိုကျတော့လည်း fernကိုတွေးပေးတာ
အစ်မအပြင်မရှိဘူး။

"Fern!! အဲ့တာတွေပါတစ်ကယ်ထည့်သွားမှာလား"

အစ်မမေးငေါ့ပြရာကြည့်လိုက်တော့
fernလက်ထဲကဓာတ်ပုံတစ်ချို့။
ဪ.. ထည့်လို့ ထည့်မှန်းတောင်မသိလိုက်မိပါလား။ ဓာတ်ပုံထဲမှာ fernဟာဘွဲ့ဝတ်စုံလေးနဲ့
ဖြစ်ပြီး အဲ့အမျိုးသမီးကတော့ အသားကပ်ဂါဝန်
အဖြူလေးနဲ့ ဘောလုံးတွေကိုင်ပြီးရီနေလျက်။
လှလိုက်တဲ့အတိတ်တွေ။ချစ်ခဲ့ကြတဲ့အတိတ်တွေ။
လွမ်းစရာများရှိခဲ့ရင် နာစရာနဲ့ဖြေရမယ်ဆိုတောင်
နာစရာ တစ်စက်လေးမှမပေးခဲ့တဲ့အမျိုးသမီး။
ခုတော့ အဲ့ bar မှာကတည်းကမတွေ့ဖြစ်ကြ
ပြန်တော့တာ သုံးလနီးပါးပင်။

အတိတ်ဆိုတာ အတိတ်ဆိုတဲ့နေရာမှာပဲထားခဲ့
ရတယ်တဲ့။ fernတစ်ယောက်ကတော့အတိတ်တွေ
ထဲကျင်လည်နေတာ သုံးနှစ်ဆိုသည့်အချိန်အတိုင်း
အတာတစ်ခုအထိ။

မနက်ခင်းများနိုးလာရင်အရင်လိုသူနဖူးလေးများ
လာနမ်းနှိုးမလား။ မနက်စာ စားပွဲပေါ်မှာ
ကော်ဖီနဲ့ ပါမုန့်ကင် လေးက အသင့်စောင့်နေမလား။
အလုပ်သွားခါနီး ခါးလေးဖက်ချွဲပြီး တီတီတာတာများ လာပြောလေဦးမလား။ အလုပ်ပင်ပန်းချိန်မှာ
Messageတွေပို့ရင်း အားဖြစ်ပေးဦးမလား။
အလုပ်ကပြန်လာတဲ့အခါနွေးနွေးထွေးထွေး
ရင်ခွင်တစ်စုံဟာအရင်လိုကြိုဆိုနေဦးမလား။ စသဖြင့် စသဖြင့်ပေါ့။

Fernကအတိတ်တွေထဲပိတ်မိနေတယ်ဆိုတာထက်
ရုန်းထွက်ဖို့ပါမကြိုးစားတော့တာ။
ရှိစေတော့။ရူးစေတော့။ ပြီးတော့ ဒီလူကိုပဲစွဲစွဲမြဲမြဲ
လွမ်းစေတော့။

Us AgainWhere stories live. Discover now