ရိပေါ်ခုမှပဲစိတ်ချသွားရသည်။

သရဲမဟုတ်လို့ တော်ပါသေး !

ရိပေါ်က ဘာမှသိပ်မကြောက်တတ်ပေမယ့် အမှောင်ရယ် ပိုးကောင်သေး‌ေသးလေးတွေရယ် သရဲရယ်တော့ အတော်ကြောက်သည်။

ဒါနဲ့ နေပါဦး! ဒီလူက ဘယ်သူ့ဆီကိုလာတာလဲ ? ပြီးတော့လည်း ဘေးနားက luggage ကြီးနှင့်။ အိမ်ပြောင်းလာတာလည်းမဖြစ်နိုင်။ ဒီတစ်တိုက်လုံးက ရုံးခန်းတွေချည်းရှိတာကြောင့်ပင်။ ပြီးတော့ ဒီအပေါ်ဆုံး တစ်ထပ်လုံးက ရိပေါ်ငှားထားသည်။

ဒါဆို သူ့ဆီလာတာကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ။

ရိပေါ်က ထိုလူကို နှိုးသင့်မနှိုးသင့်စဥ်းစားနေရသည်။

" ဟေ့လူ ဟေ့လူ "

ရိပေါ်က ထိုလူရဲ့ ပခုံးကို လှုပ်ပြီးနှိုးလိုက်တော့ အိပ်ချင်မူးတူးနဲ့ မော့ကြည့်လာသည်။ ဖုန်းမီးရောင်က စူးလို့ထင်သည်။ မျက်လုံးကို လက်နဲ့ကာသည်။ တပ်ထားတဲ့ မျက်မှန်ကလည်း ရွဲ့စောင်းလို့။

ရိပေါ်သေချာကြည့်လိုက်မှ ဟိုလူမှန်းသိရသည်။

" ခင်ဗျား "

ရိပေါ်အံ့သြသွားရသည်။ ဒီလူက သူ့ရုံးခန်းရှေ့ထိ ဘာလာလုပ်ရတာလဲ။

" အင်း။ ဟို "

ရှေ့ကလူကလည်း ဘယ်ကစကားစရမှန်းမသိတဲ့ပုံဖြစ်နေသည်။

" ခင်ဗျားဘာလာလုပ်တာလဲ "

ရိပေါ်အလိုမကျဟန်နဲ့မေးလိုက်သည်။
အရှေ့က လူက တစ်ခုခုကိုစဥ်းစားနေပြီး ချက်ချင်းမဖြေ။

ရိပေါ်အတွက်က ဒီလိုမှောင်မှောင်မဲမဲကြီးထဲမှာ စကားပြောရတာအဆင်မပြေ။ စိတ်ရှုပ်စရာကောင်းတယ်လို့ခံစားရသည်။ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ထဲကနေ အပြင်ကိုအမြန်ထွက်ချင်နေသည်။

" နေဦး။ ခင်ဗျား ပြီးမှဖြေ။ ခုအရင်ဆုံးတိုက်အောက်ကိုဆင်းပြီး ခင်ဗျား ကျွန်တော့်နောက်လိုက်ခဲ့ "

ရိပေါ်က ပြောပြီး အောက်ထပ်ကိုခပ်သုတ်သုတ်ဆင်းခဲ့သည်။

တိုက်အောက်ရောက်မှ စိတ်သက်သာရာရသွားသလိုပင်။ လေဖြူးဖြူးလေးတ်ိုက်တော့ စိတ်လန်းဆန်းသွားသည်။

AI (Edit လုပ်နေဆဲ )Where stories live. Discover now