အစွာမလေး အထာမနပ်ချက်ကို နေရှိန် ထုချင်နေပြီ။ စီကာပတ်ကုံးပြောပြီး နောက်ဆုံးဘူတာက ဒီကောင်လေးကို သူ့အမေကမကြည်တာပဲလာ စိုက်နေတာ။ညိုးကျသွားတဲ့ မျက်နှာလေးက ဟန်ဆောင်ကောင်းပေမယ့် အမြဲကြည့်နေတဲ့ နေရှိန်ဖို့ မျက်ခုံးတန်းလေး အနည်းငယ်ကွေးသွားတာက အစသိသည်။
"အဆင်မပြေရင်မလာပါနဲ့ နှောင်းငယ်ရာ နင်ဆူခံနေရမယ် ။ ငါဘာသာပဲ တခြားရွာဘက် သွားရောင်းလိုက်မယ်လေ"
"မဖြစ်ပါဘူးဟယ်....တခြားရွာတွေက ကိုယ့်ရွာခံမဟုတ်ရင် မကြည်ကြဘူး။ဈေးကောက်ကိုလည်း နှစ်ဆတောင်းတယ်လေ။ပြီးတော့ ဒီအနီးနားရွာတွေကလည်း နင့်ကိုသိတယ်။ ဟိုတစ်ခါ အရှေ့ရွာက မိန်းမကြီး နင့်ကို ခရမ်းချဉ်သီးတွေနဲ့ပေါက်လို့ ငါနဲ့တောင် ရန်ဖြစ်ရသေးတယ်မလား"
အဲ့ဒီလောက်တောင်လား?။လူတွေ တကယ်ခက်တယ်။
"ကိုယ် ရောင်းပေးမယ် "
"......."
"......."
နေရှိန်ပြောလိုက်တော့ နှစ်ယောက်လုံးရဲ့ အကြည့်တွေက မယုံကြည်နိုင်စွာလှမ်းကြည့်လာသည်။စိုင်းခန့်က မထင်မှတ်ထားတာကြားရသည်မို့အံ့အားသင့်ရုံဆိုသော်လည်း ကောင်မလေးကတော့ ရောင်းတတ်လို့လားဆိုသည့်ပုံစံ။ အဲ့ကလေးမ နဲ့ ကိုယ် ဘယ်ဘဝက ရေစက်မှန်းမသိ စတွေ့ကတည်းက သူရော ကိုယ်ရော ဘုနဲ့ဘောက်ချင်နေတာ။
"ရှင်က ရောင်းတတ်လို့လား"
ဟောကြည့်ဒဲ့ကိုမေးလာပြီ။
"ဘာလို့မရောင်းတတ်ရမှာလဲ ။
ဒါတွေစည်းပြီး ချဉ်ပေါင်ရွက်ကုမ္ပဏီထူထောင်မယ် ဈေးသည်တွေကို ရှယ်ယာခွဲပေးမယ်။ ပြီးတော့ အမြတ်ထဲက ရာခိုင်နှုန်းပြန်နှုတ်တောင်းရုံပဲမလား""ဟယ် .... "
မေးရိုးပြုတ်ကျ မတတ်အံ့ဩသွားတဲ့ ကလေးမ ပုံစံကို ချဉ်ပေါင်ရွက် အစည်းကြီး ပုခုံးပေါ် ထမ်းကာ နေရှိန် မာန်ပါပါ ပြုံးကာ ကြည့်နေလိုက်သည်။ ဘယ်နှယ့်လဲ အရောင်းအဝယ်စီးပွားရေး ကိစ္စမှာတော့ နေရှိန်သွေး ဆိုတာ ဆရာတစ်ဆူပဲ။ ဝယ်လိုအား၊ ရောင်းလိုအား၊ငွေကြေးဖောင်းပွမှုနဲ့ ကုန်စည်ဈေးကွက်တွေပါ ချ ပြလိုက်ရင် ရူးတောင်သွားအုံးမယ်။
Ep-7(Unicode)
ابدأ من البداية