ရင်ခုန်သံတခု ခုန်ပေါက်ပြေးလွှားခြင်း 😶

1 0 0
                                    

ဧကမြတ်ကို: ကျနော့နာမည် ဧက.. ကိုးတန်း တတန်းလုံးရဲ့ ဂုဏ်ဆောင် စာတော်သလို အားကစားလည်းထူးချွန်လှပေသည်။ ကျနော်က သာမန်လူတွေထက် အရပ်ပိုရှည် ပိုထွားသော်လည်း ရင်ထဲမှ နှလုံးသားလေးကတော့ နုနယ်လှပေသည်။ ဒါတွေကို မသိတဲ့လူများပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျနော်က အမြဲ အဆင်ပြေချင်ယောင်ဆောင် ချေမိုးနေသောကြောင့်ဖြစ်သည်။
မိုးဖွဲဖွဲရွာစ ကျောင်းစဖွင့်ရက်မှာဖြစ်သည်။ မနက် အတန်းတက်ခါစအချိန် အတန်းထဲတွင် အသစ်ပြောင်းလာသောကောင်လေးကို မိတ်ဆက်ပေးရန် EC ဆော်ဪပြီးသကာလ ဝင်ရောက်လာသော အဖြူအရိပ်ကလေး...

EC: အားလုံးပဲ အသစ်ပြောင်းလာတဲ့ ကျောင်းသားသစ်နဲ့ မိတ်ဆက်ပေးရဦးမယ်.. သူ့နာမည် ဒါရမောင် တဲ့
တောင်ကြီးက ပြောင်းလာတာပါ.. အားလုံး ကူညီကြိုဆိုပေးလိုက်ကြရအောင်နော်..

All: လက်ခုပ်တီး.... "ကြိုဆိုပါတယ်"

ဧက:ဟာ တကယ့် အဖြူရောင်လေးပါလားကွာ.. 

ရင်ထဲမှ နှလုံးသားက အားလုံးကိုပြုံးပြနှုတ်ဆက်နေသော အဖြူလေးထံသို့ ခုန်ပေါက်နေပေသည်။ ဘာကြောင့်ရယ်မသိ မပြုံးမရယ်ဘဲ နေတတ်သော ကျနော့ နှုတ်ခမ်းများ အသာကွေးညွတ်သွားမိသည်။ အကြောင်းမှာ အဖြူရောင်လေး​၏ ပါးချိုင့်ခွက်ကလေးများနှင့် မျက်လုံးမှေးမှေးလေးများကြောင့်ပင် ဖြစ်လေတော့သည်။

ဒါရ: "တွေ့ရတာ ဝမ်းသာပါတယ်ဗျ..  ကူညီပေးကြပါဦးနော် "

မိမိအပိုင်နိုင်ဆုံး ပါးချိုင့်နှစ်ဖက်မှ အထူးပံ့ပိုးထားသော အပြုံးချိုချိုလေးများအပြင် ချစ်စဖွယ်မျက်လုံးမှေးမှေးလေးများဖြင့် အားလုံး​၏ ရင်ထဲနေရာယူပစ်လိုက်သည်။
မိမိမှာ ဗိုက်ဆာနေပြီဖြစ်သောကြောင့် နှုတ်ဆက်ခြင်းအမှုကို မြန်မြန်အပြီးသတ်စေချင်နေပြီဖြစ်သည်။

ထိုအချိန် တယောက်ယောက် စောင့်ကြည့်နေသလို ခံစားချက်မျိုးရသဖြင့် ရှာမိရာ အတန်းထဲတွင် အထင်းလင်းဆုံး အမိုက်ဆုံး ခပ်ထွားထွား body ဖြင့် ကောင်လေးတယောက် ကြည့်နေသည်ကိုတွေ့လေသည်။
မိမိလည်း ရုတ်တရက် ငေးမောမိပြီး သတိပြန်ဝင်ကာ မျက်နှာလွှဲလိုက်ရသည်။ ဆက်ကြည့်နေပါက မိမိအရေပျော်ကျတော့မည့်အပြင် ဒူးများပါ မခိုင်ချင်တော့လောက်အောင် သူ့အကြည့်များက စူးရှလှသည်။

ဒါရ: ဒါ ကြီးက ဘာကြီးလဲကွာ... 
ဗိုက်ဆာနေရတဲ့အထဲ ကျွတ် 🤧🤧🤧

Part 2 is coming soon....

You've reached the end of published parts.

⏰ Last updated: Sep 12, 2021 ⏰

Add this story to your Library to get notified about new parts!

ကိုးတန်းက အဖြူရောင်လေးအကြောင်းWhere stories live. Discover now