အဲ့နေ့က.....
ဆရာမခိုင်းထားတာကြောင့် ပန်းအိုးအလွတ်များယူရန် စိုက်ပျိုးရေးခန်းထဲသို့ ဦးတည်သည် ။ သို့သော် အခန်းတံခါး ဖွင့်ဖွင့်ခြင်း ပြတင်းပေါက်ကို ကျောပေးရပ်ထားတဲ့လူကြောင့်ခြေလှမ်းတွေဆက်မလှမ်းတော့ပဲ နောက်ဆုတ်ရန်ပြင်၏...။
" ဝမ်ရိပေါ်...''
ထိုလူက ရှောင်းကျန့်အမြင်အကတ်ဆုံးကျောင်းသားဖြစ်သည် ။
သူရှိနေတာကြောင့် အခန်းထဲရှောင်းကျန့် မဝင်ချင်ပါ..။
သူမရှိတဲ့ အချိန်မှ ပြန်လာမည်ဟု ဆုံးဖြတ်ကာ ခြေလှမ်းတွေကို နောက်ပြန်ဆုတ်၏...။
" ငါ့ပန်းလေး သေသွားပြီပဲ...''
"........''
ခြေလှမ်းတွေကတုန့်ခနဲ့...။
ကိုယ့်နားကိုယ်မယုံနိုင်....
ရိပေါ်က ပန်းသေသွားပြီတဲ့......
စိတ်ဓာတ်ကျစွာ ရေရွတ်တဲ့ဝမ်ရိပေါ်ရဲ့စကားသံဟာ နားထဲ တစ်ဝဲလည်လည်....။
ရင်ထဲထိတ်ကနဲ့ ဖြစ်သွားမိ၏။
ဒါက အမျိုးသားတစ်ယောက်အတွက် ဘယ်လောက်တောင်ဆိုးဝါးလွန်းတဲ့ ကံကြမ္မာလဲ ။ ပန်းက အသုံးမဝင်ရင် လူဖြစ်ရကျိုးဘယ်နပ်တော့မလဲ.........။
ရိပေါ့်ကို မုန်းတီးစိတ်တွေက သနားစိတ်တွေအဖြစ် ပြောင်းလဲသွားသည်..။
ရှောင်းကျန့် ရိပေါ့်ဆီသွားကာ...
" ရိပေါ်...''
ခပ်တိုးတိုး ခေါ်သံအဆုံး ရိပေါ်က လှည့်ကြည့်၏ ။
ဟန်ဆောင်ကောင်းလိုက်တာ ဘာမှမဖြစ်သလိုပဲ...။
အဲ့လိုတွေ့ရလေ..ရှောင်းကျန့်က ပိုဝမ်းနည်းလေဖြစ်သည်။
အရင်က စကားအကောင်းမပြောမိတာတွေအတွက် နောင်တရနေမိ၏..။
" မင်းတကယ် ပန်းသေသွားတာလား..''
ရှောင်းကျန့် စိတ်မကောင်းစွာ မရဲတရဲမေးတော့ ကောင်လေးက ခနတွေဝေပြီး ခေါင်းငြိမ့်၏ ။
" ဟာကွာ...ရိပေါ်ရာ ငါစိတ်မကောင်းလိုက်တာ ''
"........''
ရိပေါ့်ကိုဖက်ကာ စိတ်မကောင်းကြောင်းပြုသည်။
ရိပေါ်ကတော့ သူ့ကိုနားမလည်သလို ကြည့်နေ၏...။
YOU ARE READING
Something Wrong ( One Shot)
FanfictionI wrote this fiction to give as a gift to a girl I love like a sister. Sorry for being late, baby Zue...❤
