ခန့်တည်နဲ့ကိုကိုကတော့ ငယ်ကတည်းက အဖွားစိတ်ကိုသိခဲ့တာမို့
တခြားသူစီလဲ အကူအညီတောင်းတာမျိုးမရှိသလို အဖွားကိုလဲ အတင်းကြီးအားကိုးတာမျိုးမရှိခဲ့။
ကိုယ့်ခြေထောက်ပေါ်ကိုမရပ်နိုင်ခင်ကတော့ အဖွားအကူအညီပါမှအဆင်ပြေခဲ့သည်။
အခုတော့ ညီကိုနှစ်ယောက်လုံး ကိုယ်ပိုင်အရည်အချင်းရှိပြီမို့
အဖွားကိုလဲ စိတ်မပူစေလိုတော့။
ကိုကို့အတွက် တာဝန်အားလုံးကျေပြီလို့ယူဆထားသည့်အဖွားက
်ခန့်တည်အတွက်တော့ ပူပန်နေသေးသည့်ဟန်။
"အဖွား ကျနော်သွားတော့မယ်"
"အေးအေး မြေးငယ် ညနေနောက်ကျမယ်ဆို
အဖွားကိုဖုန်းဆက်အုံး"
"ဟုတ် အဖွား"
ကိုကိုနဲ့မရီးသွားပြီးမှ ခန့်တည်လဲဆေးရုံကိုထွက်လာခဲ့သည်။
ကားလေးက ဆေးရုံစီဦးတည်နေသော်လည်း ခန့်တည်စိတ်တွေက ကောင်းကင်စီကို ဦးတည်နေမိသည်။
ဝင်းတောက်တောက်နေရောင်ခြည်အောက်မှာ မင်းမျက်နှာလေးကိုမြင်ရရင် ကိုယ့်မနက်ခင်းက ပိုပြီးပြည့်စုံမယ်ထင်တယ်ကောင်းကင်။
ဆေးရုံကိုရောက်တော့ တစ်သီးတစ်သန့်ပြင်ဆင်ကာ ကြိုဆိုသည့် ဆေးရုံအုပ်နဲ့ ဆရာဝန်တွေနာ့စ်တွေကြောင့် ခန့်တည်အနေခက်ရသေးသည်။
"အားလုံးကို ညနေကျ တစ်ဝိုင်းကျွေးပါ့မယ်
dutyမရှိတဲ့သူတွေပေါ့ dutyရှိတဲ့သူတွေက နောက်ရက်အဆင်ပြေတယ်မဟုတ်လား"
"ပြေတာပေါ့ ဒေါက်တာကလဲ"
အားလုံးက တစ်ညီတစ်ညာထဲပြောလာကြသည်။
"ဒါဆို ခွင့်ပြုပါအုံး"
"ဟုတ်ကဲ့ဒေါက်တာ"
ခန့်တည် ဆေးရုံအုပ်နဲ့အတူ ဆေးရုံအုပ်ရုံးခန်းစီလာခဲ့ကြသည်။
"ခန့်တည် ပါရဂူဘွဲ့လဲရခဲ့ပြီဆိုတော့ ငါအနားယူမယ်ဆိုရင်တောင်
ဆေးရုံကို မင်းစီအပ်ထားဖို့ စိတ်ချပြီ"
"ဟာ ဆေးရုံအုပ်ကလဲ အဲ့လိုတော့မလုပ်ပါနဲ့
ကျနော်က ပါရဂူဘွဲ့ရခဲ့ပေမဲ့ သင်ယူစရာတွေအများကြီးရှိပါသေးတယ်"
"အေးပါကွာ အမြဲနှိမ့်ချတက်တဲ့မင်းကိုတော့ မလေးစားဘဲကိုမနေနိုင်ပါဘူး မင်းရုံးခန်းကတော့ ပုံမှန်အတိုင်းပဲ"