"1" unicode

9 1 0
                                        

အင်္ကျီစထဲအပ်ကလေးထိုးထည့်လိုက်ပြန်ဆွဲထုတ်လိုက်နဲ့ပြဲနေသောအင်္ကျီအဖြူလေးအား
ဖာထေးနေအသားဖြူဖြူပါးချိုင့်လေးနဲ့ကောင်လေးက ချည်ထုံးလိုက်ပြီးအပြီးသတ်လိုက်ရင်းကတုံးဆံပင်ပေါက်လေးကိုလက်နဲ့ပုတ်လိုက်ပြီး
" ငါတယ်တော်ပါလား အင်္ကျီ လေးကအကောင်းအတိုင်းပဲကို ဝတ်လို့ရပါသေးတယ် " ပါးချိုင့်လေးပေါ်အောင်ပြုံးလိုက်တယ် ။
-------------
Girl- အကိုလေး ၊ အကိုလေး ဒီနေ့ကျောင်းပထမဆုံးတက်ရမဲ့နေ့နော်နောက်ကျတော့မယ်ထပါတော့ ။

ကောင်မလေးကပါးစပ်ကလည်းပြောရင်းအခန်းထဲကလိုက်ကာတွေကိုဖယ်ရှားလိုက်တော့နေရောင်ကအခန်းထဲဝင်ရောက်လာတယ်။

Woman- သား ထတော့လေ ဒေါ်ဒေါ်ကျောင်းဝတ်စုံထုတ်ပေးထားမယ်ထ ပြီးရေသွားချိုးတော့နော်။

ကောင်လေးကစောင်ကိုအပေါ်ရောက်အောင်ထပ်ဆွဲတင်လိုက်ရင်းမျက်လုံးလေးတဖြည်းဖြည်းဖွင့်လာတယ်အိပ်ချင်မူးတူးနဲ့ထပြီးတဘက်လေးယူကရေချိုးခန်းထဲဝင်သွားလေရဲ့။

သူ့ဝင်သွားတာနဲ့အိပ်ရာကိုသန့်ရှင်းရေးကို နောက်ကောင်မလေးတစ်ယောက်ကဝင်လာပြီးလာလုပ်တယ် အဒေါ်ကြီးကတော့ အဝတ်ဗီဒိုကိုဖွင့်လိုက်တော့ အင်္ကျီကော်လံမှာနေရာယူထားတဲ့  ဆိုတဲ့
Logo လေးနဲ့အင်္ကျီအဖြူများစွာကိုဂျိတ်နဲ့ချိတ်ထားတဲ့ထဲကတစ်စုံကိုထုတ်လိုက်ပြီးအင်္ကျီကိုမီးပူတိုက်တာသေသပ်မသပ်စစ်ကြည့်လိုက်တယ်။

Woman- တွေ့လားအင်္ကျီမှာတွန့်နေတယ်နင်ကိုငါဘယ်နဲ့ခါပြောရမလဲဟင်ကော့နေအောင်တိုက်ပါလို့နင်ကအချိန်ပြည့်အိပ်ငိုက်နေတာပဲ။

ခုတင်သန့်ရှင်းရေးလာလုပ်တဲ့ကောင်မလေးက
သူသူ - တောင်းပန်ပါတယ်နောက်အဲ့လိုမဖြစ်စေရပါဘူး။

ဒေါ်စိန်စိန် - နင်ကတစ်နှစ်လုံးဒီစကားပဲပြောလာတာငါနင်ကိုခွင့်လွှတ်ပေါင်းလည်းများပြီမနက်ဆိုလည်းနောက်ကျမှရောက်တယ်နင့်ကိုနင်ဘာထင်နေလဲဟင်သွားအလုပ်ထုတ်လိုက်ပြီသွားတော့။

သူသူကဒူးထောက်လိုက်ပြီး
သူသူ- အလုပ်တော့မထုတ်ပါနဲ့နော်နောက်တစ်ခါမဖြစ်စေရပါဘူးအိပ်လည်းမငိုက်တော့ပါဘူးမနက်လည်းစောစောလာပါမယ် အလုပ်တော့မထုတ်ပါနဲ့နော် ။

FaceTahanan ng mga kuwento. Tumuklas ngayon