POV
JiHye ရဲ့မိဘအရင်းတွေနဲ့ JiHye တွေ့မယ့်နေ့လေးပေါ့ JiHye စိတ်လည်းလှုပ်ရှားနေသလို သူ့ကိုမလိုလားမှာကိုလည်းစိုးရိမ်နေမိတယ်လေ အဝတ်အစားတွေဝတ် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး အခန်းအပြင်ထွက်လာတော့ အခန်းရှေ့စောင့်နေတဲ့ Omma နဲ့ Eunsangie
"Noona ပြီးပြီလား ကျွန်တော်စောင့်နေတာ"
"ရပါတယ် Noona တစ်ယောက်ပဲသွားလိုက်ပါ့မယ်"
"နိုး နိုး နိုး ကျွန်တော့ကိုဒါတော့မငြင်းနဲ့ လာ လာ သွားကြမယ် ကျွန်တော့ ကတိတည်ချင်တယ်ဗျာ" ပြောပြီး JiHye လက်ကိုဆွဲပြီးခေါ်သွားတဲ့ Eunsang
Flashback Last Night
Wooseokie POV
ဖုန်းခေါ်ရမလား မခေါ်ပဲနေရမလား ဒွိဟဖြစ်နေရင်း
တူ တူ တူ ... "ဟယ်လို"
ဖုန်းတော့ကိုင်တယ် ဒါပေမယ့် JiHye အသံမဟုတ် သူ့မောင်ဆိုတဲ့တစ်ယောက် Eunsang ?
"Wooseok Hyung ???"
"Ahh Eunsang-ahh"
"အတော်ပဲ ခုတွေ့ကြရအောင် ကျွန်တော်တို့လမ်းထိပ်က ဆိုင်ကိုလာခဲ့ပါ" သူပြောပြီးဖုန်းချပလိုက်တယ်
—————
Eunsang ကစောင့်နေတုန်း နာရီဝက်မကြာသေး Wooseok ရောက်လာပြီး စားပွဲကိုကြည့်လိုက်တော့ မက်ကျူတွေ၃ဗူးတောင် သောက်ထားတာမြင်တော့ Eunsang ကိုအံ့ဩတကြီးနဲ့ကြည့်ပြီး
"မအံ့ဩနဲ့ ရော့ Hyung အတွက်" မငြင်းပါဖူးလေ Wooseok လည်းစိတ်ညစ်နေတာကိုး
"Hyung တကယ်ပဲ Noona ကိုလက်လွှတ်လိုက်တော့မှာလား သေချာသွားပြီလား" wooseok လည်းဘာမှမပြောနိုင် မျက်ရည်ဝဲရင်း လက်ထဲက မက်ကျူကိုသာမော့ပြီး
"ကျွန်တော် Noona ကိုHyungကြောင့်လက်လျှော့လိုက်တာ Hyung ကြောင့် Noona ပြောင်းလဲသွားတယ် အရမ်းပျော်နေတာမျိုးမလို့ ကျွန်တော်လက်လျှော့ခဲ့တာ"
"Eunsang-ahh Hyung ပညာတော်သင်သွားတော့မယ် မနက်ဖန်" Eunsang ထပြီး Wooseok ရဲ့လည်ပင်းက အင်္ကျီစကိုထဆွဲရင်း
"ဘာလို့ Noona ကိုမျှော်လင့်ချက်ပေးခဲ့သေးလဲ Noona ကိုဘာ..." Wooseok Eunsang ကိုမော့ကြည့်ရင်း
"မင်း JiHye ကို ငါမရှိတုန်း စောင့်ရှောက်ပေးနုင်မလား ဒီလိုအကူအညီမတောင်းသင့်မှန်းသိတယ် ဒါပေမယ့် သူခုအချိန် ငါ့ထက် မင်းကိုပိုလိုအပ်နေတယ် Eunsang"ပြောပြီး Eunsang ရဲ့လက်ကိုဖယ်ချလိုက်ရင်း Wooseok ပြန်သွားခဲ့တယ်
ESTÁS LEYENDO
Memory (Zawgyi/Unicode)
FanfictionPark Ji Hye ဆိုတဲ့မိန်းကလေးအတွက် အမှတ်တရဆိုတာ Eunsangie နဲ့ Wooseokie တို့ Story လေးထပ်ပြီးရေးထားပါတယ် Yayyyyy 😂 Thank Q For Reading Guys ❤️ Park Ji Hye ဆိုတဲ့မိန်းကလေးအတွက် အမှတ်တရဆိုတာ Eunsangie နဲ့ Wooseokie တို့ Story လေးထပ်ပြီးရေးထားပါတယ်...
