အိမ်အတွင်းပိုင်းကို အကဲခတ်ကြည့်တော့ သစ်သားတိုင်တွေနဲ့ ဆောက်ထားသော်လည်း အိမ်ရဲ့ အလယ်ခေါင်တိုင်ကျ ကြီးမားတဲ့ ဝါးလုံးနဲ့ထောက်ထားသည်။အိမ်ကိုအဲ့လို ဆောက်ကောင်းရဲ့လားဆိုတာ နေရှိန်လည်းမသိ ။တွေ့ခဲ့ဖူးသမျှက. အုတ်စီတဲ့ တိုက်တွေမို့ ဒါတွေကို သေချာနားမလည်။ထရံကာ ၊သက်ကယ်မိုးထားသော အိမ်လေးမှာ တံခါးမကြီးတစ်ခုနဲ့ ခေါင်းရင်းပြတင်းပေါက်တစ်ပေါက်သာ ပါရှိသည်။ အိမ်ရဲ့တစ်ဝက်လောက်ကို ဝါးကပ်ကြမ်းခင်းထားပြီး ဘုရားစင်၊ကြောင်အိမ်လေးတစ်လုံး၊ ကျွန်းသေတ္တာတစ်လုံး၊ ရေအိုးစဉ်နဲ့ အဝတ်တန်းကြိုးသာရှိသည်။ပကာသနာတွေ ငြီးငွေ့နေ၍ လားတော့မသိ ၊ဒီလိုရိုးရှင်းတဲ့ တဲအိမ်လေးထဲမှာ နေရတာ နေရှိန်ကို သက်သောင့်သက်သာဖြစ်စေသည်။

အပြင်ထွက်ကြည့်ရန် ကြမ်းခင်းပေါ်က ဆင်းလိုက်တော့ ဒူးက ဆစ်ခနဲ ကိုက်သွားတာမို့ ခဏထိုင်နေရသေးသည်။အပြင်ဘက်မှာ မီးငြိမ်းသတ်ထားသော ထင်းမီးဖိုလေးက ရေငွေ့ပျံလျက်ရှိပြီးမွန်းတည့်ချိန်လောက်ရောက်တော့ ခြေထောက်ကောင်းကောင်းထောက်နိုင်ပြီ ဖြစ်တာကြောင့် အပြင်ထွက်လာလိုက်သည်။ အိမ်ရဲ့မလှမ်းမကမ်းမှာ ချယ်ရီပင်ကြီးတစ်ပင်နဲ့ ကွပ်ပျစ်လေးတစ်ခုရှိပြီး အိမ်ရှေ့မှာ စိုက်ခင်းအသေးစားလေးတွေဖြစ်တဲ့ ချဉ်ပေါင်၊ ကန်စွန်း၊ခရမ်းချည်သီး နောက်ပြီး ဘာမှန်းမသိတဲ့ အပင်စိမ်းလေးတွေ စီစီရီရီဖြင့် ။

ကွပ်ပျစ်ပေါ် သွားထိုင်နေပြီး ဟိုကောင်လေး ပြန်အလာကိုစောင့်နေချိန် နောက်ကျောဘက်ဆီမှာ အသံတစ်ခု ထွက်ပေါ်လာသည်။

"ဟို ... ဘယ်သူလဲမသိဘူး"

မိန်းကလေးတစ်ဦးအသံ ဖြစ်ပြီး နေရှိန် လှည့်ကြည့်လိုက်တော့ မနေ့က တောင်ပေါ်က ဆင်းလာတဲ့ အမျိုးသမီးနှစ်ယောက်ထဲမှ ဆူခံရတဲ့ ကောင်မလေးဖြစ်နေသည်။ ဆံကျစ်နှစ်ဖက်နဲ့ဝိုင်းစက်စက်မျက်လုံးတွေက နေရှိန်ကို အကဲခတ်သလိုကြည့်နေတာကြောင့်

"စိုင်းခန့်သော်ရဲ့ မိတ်ဆွေပါ"

"ကိုခန့်ရဲ့ မိတ်ဆွေ ?"

ကောင်မလေးက စူးစမ်းရာက​နေပိုပြီး သံသယ မျက်လုံးတွေအဖြစ်ပြောင်းသွားပြန်သည်။

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now