ကော်ဖီရဲ့ အခါးဓာတ်ကြောင့် လုံးဝမသောက်ပါဘူးလို့
ဇွတ်ငြင်းမိခဲ့သမျှ တစ်ငုံလောက် မော့လိုက်ယုံဖြင့်
ခါးသက်ခြင်းဆိုတဲ့ မင်းရဲ့စွဲဆောင်မှုအောက်မှာ
ရုန်းထွက်ဖို့မတတ်နိုင်စွမ်းပါတကား။
ထို့ကြောင့်ပင်
ရင်တုန်ခြင်းသည်လဲဖြစ်တန်ကောင်းပါရဲ့ .....
