1(Unicode)

302 36 5
                                    

_​ဖေးယွီအသက် ၁၇နှစ်
_တက္ကသိုလ်ပညာသင်နှစ်ပထမနှစ်

​ဖေးယွွီ High school အောင်ပြီး Uniကျောင်းသားဘဝရောက်တာနဲ့ မာမားက တစ်ချက်လွတ်အမိန့်ထုတ်တယ်။ အစ်ကိုဝမ်းကွဲရှိတဲ့ရှန်ဟိုင်းမှာ ကျောင်းဆက်တက်ရမည်တဲ့။
နယ်မှာဆို တိုးတက်ဖို့မလွယ်ဘူး၊ ရှန်ဟိုင်းမှာဆို တက်ချင်တဲ့သင်တန်းတွေမျိူးစုံတက်လို့ရမယ်၊ ဘွဲ့ရပြီးလည်း အလုပ်အက်ိုင်အခွင့်အလမ်းပိုများမယ်...စသဖြင့် အကြောင်းပြချက်ပေါင်းစုံပြောလာပါတယ်။
ဒါပေမယ့် ဖေးယွီသိပါတယ်။ ထုတ်မပြောတဲ့ အဓိက reason သားတော်မောင်အဆိုးအဆာလေးကို ဆက်မထိန်းနိုင်တော့လို့ဆိုတဲ့အကြောင်း။
သူနဲ့မာမားနဲ့က ရုပ်သာတူသည် ကျန်တာဘာဆိုဘာမှမတူ...
မာမားက အစပ်ကြိုက်ရင် သူက အချို၊ မာမားက အဖြူဆို သူကအမဲမှ၊ မာမားက ခွေးကိုချစ်ရင် သူကကြောင်မှကြောင် ဆိုတော့ကာ အမြဲတစေ တကျက်ကျက်စကားများနေကြတာ ခပ်များများ...
ဒါပေမယ့် အဲဒါလည်း ရှန်ဟိုင်းကိုလွှတ်ချင်တဲ့ အဓိကအကြောင်းအရင်း မဟုတ်သေးဘူး သူသာမရှိရင် မာမားကပျင်းတောင်နေရဦးမယ်။
အဓိကအကြောင်းအရင်းက သူ့ဘော်ဒါတစ်သိုက်ကြောင့်၊ ဖေးယွီရှိလား အန်တီဆိုပြီး အိမ်ရောက်လာရင် မာမားကမျက်ခုံးတွေလှုပ်နေရပြီ။
ဖေးယွီနဲ့အတူဇာတ်ကားကြည့်တယ် ဂီတာတဒေါင်ဒေါင်တီးတယ်
Home Alone ကြည့်ပြီး Practical ဆင်းတဲ့အနေနဲ့ ဖေးယွီတို့အိမ်မှာ ထောင်ချောက်တွေဆင်တယ်။
တံခါးဘောင်တွေပေါ် ရေပုံးတွေတင်တယ်၊ ခြံထဲမှာ တစ်ထွာခွဲလောက်ကျွင်းလေးတွေတူးပြီး အပေါ်ကနေ တုတ်ချောင်းတွေယက်လို့ မြေပြန်ဖုံးတယ်။
ဦးဆောင်သူကတော့ နှစ်ယောက်မရှိတဲ့ဖေးယွီပေါ့။ မနိုင်စိန်သားတော်မောင်က ထိပ်ဆုံးကကဲနေတော့ မာမားမှာ ငေါက်မရပြုမရ... ဖေးယွီတို့ဆင်သမျှ ​ထောင်ချောက်ထဲ ခဏခဏမိ။
အဲသလိုနဲ့ ထိန်းမနိုင်တဲ့မျောက်တစ်သိုက်ကြောင့် အသက်တိုမယ်ဆိုပြီး ဝေးဝေးဂျောင်းကြဟေးဆိုကာ ရှန်ဟိုင်းကိုလွှတ်ချင်တာက အဓိကဖြစ်ပါသည်။

နယ်သူငယ်ချင်းထဲကဆိုလို့ ကျိုးချီတစ်ယောက်ပဲ ရှန်ဟိုင်းကို ပါလာတယ်။ အဲကောင်က အဖွဲ့ထဲမှာအအေးဆုံး၊ စာအုပ်နဲ့မျက်နှာမခွာတဲ့ကောင်စား... တအားပျင်းစရာကောင်းတယ်။
နေရတဲ့အိမ်ပိုင်ရှင် အစ်ကိုဝမ်းကွဲဆိုတာကလည်း မနက်မိုးလင်းကနေ ညမိုးချုပ်ထိအိမ်ကပ်တဲ့သူမဟုတ်တော့ ဖမ်းကိုမမိ
သူ့လိုလျှောက်ထွက်ရအောင်လည်း ဖေးယွီလေးလိုနယ်ကတက်လာတဲ့ကောင်လေးအတွက် မသွားရဲမလာရဲသေးဘူး။
ဆိုတော့ကာ အဆင်မပြေဘူး အဆင်လုံးဝမပြေဘူး
ရှန်ဟိုင်းမှာကျောင်းတက်ရတာ ဖေးယွီအတွက်ဘာမှအဆင်မပြေဘူး ><
ခုလည်း စာသင်ခန်းရဲ့နောက်ဆုံးခုံမှာ သက်ပြင်းတချချနဲ့ လုပ်နေတော့ စာအုပ်ထဲမျက်နှာဝင်မတတ် ဖတ်နေတဲ့ကျိးချီက သူ့ကို လှည့်ကြည့်လာတယ်။

You've reached the end of published parts.

⏰ Last updated: Sep 10, 2020 ⏰

Add this story to your Library to get notified about new parts!

You are a blessing in my life Where stories live. Discover now