"ထက်ကောင်းကင်လာ
ဓာတ်ပုံရိုက်ရအောင်"
"အာ……နေပါစေသူဋ္ဌေး ကျနော်မရိုက်တော့ဘူးဗျ"
"လာပါကွာ မင်းကလဲ မင်းသမီးလေးရောရှိတာကို"
တခြားဝန်ထမ်းတွေလဲ စင်ပေါ်ရောက်ကြပြီမို့ ကောင်းကင်မငြင်းတော့။
သမီးငယ်က ကောင်းကင်အနားလာပြီး ချီခိုင်းတော့ ပွေ့ချီကာ
ဓာတ်ပုံအရိုက်ခံလိုက်ရသည်။
"သူဋ္ဌေး ဒါဆို ကျနော်တို့ပြန်တော့မယ်ဗျ"
ကုမ္မဏီကအဖွဲ့တွေပြောတော့ သူဋ္ဌေးကခွင့်ပြုလိုက်သည်။
"ဦးဦး သမီးလဲပြန်တော့မယ်"
"နေပါအုံး သမီးရဲ့ မုန့်တွေယူသွားအုံးလေ
ဦးဦးညီက နိုင်ငံခြားကနေ လက်ဆောင်တွေဝယ်လာတယ် သမီးအတွက်ပေးလိုက်အုံးမယ် ခဏနေမှပြန်"
"တကယ်လား ဟိုဦးဦးလားဟင်"
သမီးငယ်က ဘောင်းဘီထဲလက်ထိုးကာ ရပ်နေသူအား အပြုံးချိုချိုဖြင့် ကြည့်ရင်းမေးပြန်သည်။
"ဟုတ်တယ်သမီး"
"ဦးဦးကချောတယ် ဒီဦးဦးထက်ပိုပြီး"
"ဟာ…သမီးရာ"
သူဋ္ဌေးက မျက်နှာကြီးရှုံ့ကာဆိုတော့ ထိုသူသည်လဲ နှုတ်ခမ်းစွန်းများကွေးသည်အထိ ရယ်သည်။
ခင်ဗျား တကယ်ကြည့်လို့ကောင်းလွန်းတယ် ဒေါက်တာ။
"ထက်ကောင်းကင် လာမိတ်ဆက်ပေးအုံး
ကျန်တဲ့သူတွေကတော့ ငါ့ညီကိုသိကြတယ်
မင်းပဲမသိသေးတာ"
"ဟုတ်ကဲ့ဗျ"
သူဋ္ဌေးကခေါ်နေတော့လဲ ကောင်းကင်မငြင်းနိုင် ရိုကျိုးစွာပင် အနားတိုးသွားရသည်။
"ဒါကိုယ့်ညီ ဒေါက်တာခန့်တည်နိုင် ဒီနေ့ပဲUSကပြန်လာတာ"
"ဟုတ်ကဲ့ ကျနော့် ထက်ကောင်းကင်ပါ
တွေ့ရတာ ဝမ်းသာပါတယ်ဗျ……အ…ကို"
"အင်း ကိုယ်ရောပဲ……သမီးက မင်းနဲ့တူတာဖြစ်မယ် အသွက်လေး
ချစ်ဖို့ကောင်းတယ်"
ကမ်းလှမ်းလာသည် လက်တစ်စုံကို တုန်ရီစွာပင် ဆွဲကာနှုတ်ဆက်လိုက်ရသည်။
အရင်တုန်းကလိုပဲ နွေးထွေးတယ်။
ဆက်၍စဉ်းစာမိသည်က ဒေါက်တာဟာ ကောင်းကင်ကို မမှတ်မိဘူးလား။
အင်းလေ……ဘယ်သူက ခဏတွေ့ဖူးတဲ့လူတစ်ယောက်ကို
အမှတ်သညှာထားနေမှာလဲ။
ကောင်းကင်တော့ ချွင်းချက်ပဲဖြစ်မည်။
ထိုသူအား ယနေ့ထက်တိုင် မှတ်မိနေဆဲ။