AI - 2

6.9K 737 1
                                    

(Unicode)
အလုပ်လုပ်ရာမှာ စေ့စပ်တိကျတဲ့ ဝမ်ရိပေါ်က ဒီနေ့ ကုမ္ပဏီမှာ ကိစ္စတစ်ခုကြောင့် ပြသနာတက်နေလို့ စိတ်တိုနေသည်။

ကုမ္ပဏီဆိုလို့ အကြီးကြီးမဟုတ်ပဲ ရိပေါ် ကိုယ်တိုင်ထောင်ထားတဲ့ ဖက်ရှင်ကုမ္ပဏီ အသေးစားလေးပင်ဖြစ်သည်။

မိဘတွေက ရိပေါ်ကို စီးပွားရေးသမားဖြစ်စေချင်ခဲ့ပေမယ့် ဖက်ရှင်ကိုပဲစိတ်ဝင်စားတဲ့ ရိပေါ်က မိဘတွေကို ဆန့်ကျင်ပြီး ဖက်ရှင်မေဂျာကိုယူခဲ့သည်။

ဖက်ရှင်မေဂျာနဲ့ ဘွဲ့ရရပြီးချင်း ရိပေါ်က ကိုယ်ပိုင် ကုမ္ပဏီအသေးစားလေးစထောင်သည်။

အစပိုင်းမှာ ကုမ္ပဏီက ဝန်ထမ်းမခန့်နိုင်။ သူငယ်ချင်းဖြစ်တဲ့သူ ဟောက်ရွမ်းနဲ့ ကိုယ်ပဲသူဌေး ကိုယ်ပဲ ဝန်ထမ်း အတူတူလုပ်ခဲ့ကြသည်။

အခက်အခဲတွေနဲ့လည်ပတ်ခဲ့ရတဲ့ ဖက်ရှင် ကုမ္ပဏီအသေးစားလေးက ခုဆို သိပ်တော့ မဆိုးလှတော့။

WYB ဆိုတဲ့ နာမည်နဲ့ brand အသေးလေးက နာမည်ရစပြုနေတဲ့အချိန်။

ဒီလိုအချိန်မှာ ရိပေါ်က သူ့အဖေဆီကနေ နာမည်ကောင်း ရအောင်ကြိုးစားရမည်။

ဒီ brandသေးသေးလေးထောင်ဖို့ ရိပေါ်အတွက်က မလွယ်ကူခဲ့။အတော်လေးကြိုးစားခဲ့ရသည်။

ရိပေါ်မိဘတွေက ချမ်းသာသည်။ရိပေါ်တို့မိဘတွေက ကိုရီးယားမှာ အခြေချနေတဲ့ တရုတ်စစ်စစ်တွေဖြစ်သည်။ တရုတ်ရော ကိုရီးယားမှာရော ကုန်တိုက်ကြီးတွေ ပိုင်တဲ့ မိဘတွေက သူတို့ရဲ့တစ်ဦးတည်းသောသားဖြစ်တဲ့ ရိပေါ်ရဲ့ ဝါသနာကို လုံးဝအားမပေး။

မိဘတွေကို ဆန့်ကျင်ပြီး ဖက်ရှင်မေဂျာကို တက်ခဲ့တဲ့အတွက် ရိပေါ်ကို မိဘတွေက ကျောင်းတက်သမျှကာလပတ်လုံး ကျောင်းစရိတ်လုံးဝမထောက်ပံ့ပေ။

ရိပေါ်ကိုယ်တိုင် အချိန်ပိုင်းအလုပ်တစ်ဖက်ရယ် ကျောင်းစာရယ်ကို အိပ်ချိန်တောင်မရှိအားပဲကုန်းရုန်းကြိုးစားပြီးမှ ခက်ခက်ခဲခဲဘွဲ့ရခဲ့တာဖြစ်သည်။

ပင်ပန်းလွန်းလို့ လွှတ်ချပစ်လိုက်ချင်တဲ့အချိန်တွေရှိခဲ့သည်။ အထူးသဖြင့် ကျောင်းစရိတ် ။

AI (Edit လုပ်နေဆဲ )Where stories live. Discover now