အပိုင်း ၂၉/အပိုင္း ၂၉

Start from the beginning
                                    

"ငါ မင်းကို အကြာကြီး ရှာနေခဲ့တာ မင်းထွက်သွား
မယ်ဆိုရင်လည်း ငါ့ကို ပြောခဲ့သင့်တယ်မလား
ဦးငယ်လည်း မင်းနဲ့အတူတူပဲ ငါ့ခံစားချက်တွေကို
သိသိရဲ့နဲ့ ငါ့ကို လိမ်ကြတယ်"

"မဟုတ်ပါဘူးကွာ ငါလိမ်သလို ဖြစ်သွားရင်
တောင်းပန်ပါတယ် ငါ့ကလေးအတွက် တွေးမိခဲ့တာမလို့"

"ငါ မင်းအတွက်ကော ကလေးအတွက်ပါ တာဝန်ယူပါ့မယ်လို့ သေချာပြောခဲ့ရဲ့သားနဲ့
င့ါကို တစ်ခါလောက်တောင် ဘာလို့ မယုံကြည်ပေးခဲ့
တာလဲ"

ပြောစရာစကားတို့ ပျောက်ရှကုန်ရသည်။
သူ့မျက်နှာကို ကြည့်ပြီး ကိုယ့်ကိုကို ရှက်ရွံ့သွားမိသည်။
သူ့ကို မျှော်လင့်ချက် တပုံတပင်ကြီးနဲ့ ထားပစ်ခဲ့သလိုဖြစ်သွားခဲ့သည်။

"ငါ  ငါတောင်းပန်ပါတယ် မင်းကို မျှော်လင့်ချက်မပေးခဲ့သင့်ဘူး"

"မင်းကပေးတာ မဟုတ်ပါဘူး ငါကိုက မျှော်လင့်မိတာ"

တိတ်ဆိတ်ငြိမ်သက်သွားသော အခြေအနေကို လှုပ်နှိုးလိုက်သည်က ကားဟွန်းတီးသံပင်။ဦးကောင်း
ပြေးဖွင့်ပေးသော ခြံတံခါးပွင့်သည်နဲ့ အရှိန်ပြင်းပြင်းထိုးဝင်လာသေားကားက နိုင်ဦးစေတန်
ကား။

"ဦးငယ် ဘာဖြစ်လာလို့လဲ မသိဘူး"

ဆောင်းဦးစေတန်စကားကြောင့် နိုင်ဦးစေတန် ကားပေါ်က ခြေလှမ်းကျဲကြီးတွေ ဆင်းလာသည်ကို
သေချာကြည့်နေမိသည်။သူတို့နှစ်ယောက်ကို တစ်ချက်သာလှည့်ကြည့်ပြီး အိမ်ထဲဝင်သွားသည်။

"သွားမေးကြည့်ပေးပါလား"

"မမေးပါဘူး သူ့မှာသူ ဘာဖြစ်ဖြစ်ပေါ့"

"ဦးငယ်နားမှာ ကိုယ်တို့ပဲရှိတာလေ ကိုယ်တို့မှ ဂရုမစိုက်ရင် သူ့ကို ဂရုစိုက်မဲ့သူရှိမှာ မဟုတ်ဘူး"

"အဲ့တာဆို မင်းသွားမေးပါလား"

အဓိပ္ပာယ်ပါတဲ့ အပြုံးတစ်ခုကို နှုတ်ခမ်းပါးမှာ ချိတ်ဆွဲပြီး ပြုံးပြလာသူကြောင့် နှောင်ကြိုးယောင်တောင်တောင် ဖြစ်သွားရသည်။

"ကိုယ်ဦးငယ်နဲ့ စကားအများကြီးမပြောချင်သေးဘူး
အဲ့တာကြောင့် အခုတလော ရှောင်နေတာ"

သံယောဇဉ်နှောင်ကြိုးWhere stories live. Discover now