ကောင်းကင် Busစီးပြီး ကုမ္မဏီလာခဲ့သည်။
သူဋ္ဌေးမင်္ဂလာအခန်းအနားအတွက် ဂျာကြီးနဲ့ကောင်းကင်ကို တာဝန်ပေးထားတာမို့ ဒီနေ့ဟိုတယ်မှာ ပြင်ဆင်စရာတွေ သွားပြင်ဆင်ရမည်။
ကောင်းကင် ကုမ္မဏီထဲဝင်ခါနီးတော့ သူဋ္ဌေးကားလဲရောက်လာတာမို့ မဝင်သေးဘဲရပ်နေလိုက်သည်။
သူဋ္ဌေးက ကားပေါ်ကဆင်းဆင်းချင်းကောင်းကင်ကိုမြင်တော့ နှုတ်ဆက်သည်။
"ရောက်နေပြီလား လေပြေလေးရောမပါဘူးလား"
"ဟုတ်ကဲ့သူဋ္ဌေး သမီးငယ်ကို သူ့အဒေါ်နဲ့ထားခဲ့တာဗျ
သူဋ္ဌေးဒီနေ့စောသားပဲဗျ"
"အင်း သွားစရာလေးလဲရှိလို့ ကြိုးစားပေးဦးမင်းလဲ"
"ဟုတ်ကဲ့သူဋ္ဌေး"
သူဋ္ဌေးမင်းရန်နိုင် ကုမ္မဏီထဲဝင်သွားပြီးမှ ကောင်းကင်လဲဝင်ခဲ့သည်။
"ကောင်းကင်ရေ ဖင်ထိုင်မနေနဲ့တော့
သွားရအောင်"
ဘေးလွယ်အိတ်ချကာ ထိုင်ခံမှာထိုင်ဖို့ပြင်နေတုန်း
ဂျာကြီးရောက်လာတာမို့ မထိုင်ဖြစ်တော့။
ကုမ္မဏီကကားနှင့်ပင် သူဋ္ဌေးတို့ငှားထားသည့် ဟိုတယ်သို့လာခဲ့သည်။
"ဂျာကြီး ကျနော်မေးအုံးမယ်"
"မေးလေ"
"ဒီအပြင်အဆင်တွေကို ဟိုတယ်ကတာဝန်ယူတာမဟုတ်ဘူးလား
ဘာလို့ကျနော့်တို့ကိုလွှတ်တာလဲ"
"သူဋ္ဌေးအဖွားက သူ့မြေးမင်္ဂလာပွဲကို စိတ်တိုင်းကျချင်လို့ ကုမ္မဏီကလူတွေဖြစ်တဲ့ ငါတို့ကို သေချာလာကြည့်ခိုင်းတာပေါ့ကွာ
လိုအပ်ချက်မရှိအောင်လို့ မင်းလဲကြားဖူးမှာပါ
သူဋ္ဌေးအဖွားက အရမ်းတိကျပြီး ပြတ်သားတာ
သူ့အတွက် သူ့မြေးတွေက အရေးအကြီးဆုံးလေ"
"ဟုတ် သူဋ္ဌေးကလဲ အဖွားကိုတော်တော်ချစ်မှာပါ
ဘဝလက်တွဲဖော်ကိုတောင် အဖွားစိတ်တိုင်းကျတဲ့သူကိုလက်ခံတာဆိုတော့လေ"
"အေးကွ သူဋ္ဌေးတို့ မြေးအဖွားတွေက တစ်ယောက်နဲ့တစ်ယောက်
စိတ်သဘောထားမတူတာမရှိဘူး မင်းဆိုရင်ရော မိဘသဘောတူတဲ့သူကို လက်ခံမှာလား"
"ကျနော့်မှာ အဲ့လိုအခွင့်မရေးမရှိပါဘူးဂျာကြီးရာ
သမီးငယ်အတွက်ပဲ ကျနော်ကစဉ်းစားရမှာ"