ဝေဝါးနေတဲ့ အမြင်အာရုံမှာ ဖြူဖွေးနေတဲ့ လည်တိုင်လေးနဲ့အတူ ပတ္တြမားနီ ဆွဲသီးလေးက ရင်ညွှန့်မှာ ရှိနေတာကို တွေ့ရသည်။အပြာရောင်ရှပ်င်္အကျီကြားက ထင်းနေသော အနီရောင်ပတ္တြမားလေးနဲ့ အတူ သူ့မျက်နှာကို မြင်ချင်ပေမယ့် လှုပ်လို့မရပေ။အခုထိ နဖူးပြင်ပေါ် သူ့နှုတ်ခမ်း ဖိကပ်ထားတုန်းပဲ။

တဖြည်းဖြည်း မြူမှုံတွေလို ရစ်သိုင်းလာပြီး မြင်နေရသော အရိပ်ကလေးပျောက်ကွယ်သွားမှ အသိစိတ်ပြန်ကပ်လာသည်။ချက်ချင်း မျက်လုံးဖွင့်ကြည့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်မိသော်လည်း ဝေလီဝေလင်းအချိန် အလင်းရောင်သဲ့သဲ့အောက်မှာ ငြိမ်သက်နေသော ပန်းပင်တို့သာ ရှိနေသည်။

"အိပ်မက်ပဲ"

တစ်ညလုံး ဒန်းပေါ်မှာ အိပ်ပျော်သွားတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး မအီမသာဖြစ်နေသော်လည်း စိတ်က လန်းဆန်းလျက်။ရင်ဘတ်ဆီမှ အနည်းငယ်မြန်နေသော ရင်ခုန်သံကြောင့် လက်နဲ့ဖိကာ အိပ်မက်ထဲက အကြောင်းပြန်တွေးမိတော့သေးသွယ်သော ခန္ဓာကိုယ်လေးနဲ့ ပတ္တြမားဆွဲသီးလေး၊ နောက်ပြီး နဖူးပေါ်က သူ့နှုတ်ခမ်းရာ။ ဘယ်သူမှန်းမသိပေမယ့် နွေးထွေးစေသော ခံစားချက်ကြောင့် ဒီအခိုက်တန့်လေးကို မေ့မသွားအောင် မှတ်ထားလိုက်မိသည်။

...............

မနက်လင်းတာနဲ့ အိမ်ကနေ ထွက်လာသော်လည်း နေ့ခင်း ၂နာရီလောက်မှ ထိုဒေသလေးကိုရောက်သည်။ ရွာထဲ ရောက်တော့ တောင်ကုန်းပေါ်သွားတဲ့လမ်းမေးပြီးမောင်းလာပေမဲ့ တောင်ခြေထိသာ ကားလမ်းပေါက်တာကြောင့်​ကားကို ရပ်ထားခဲ့ပြီး ခြေလျှင်တက်လာလိုက်သည်။ ကျောက်ခဲသေးလေးတွေနဲ့ မြေနီရောင်ရောနေသော လမ်းလေးရဲ့ဘေးမှာ အုပ်ဆိုင်းနေသော သစ်ပင်ကြီးတွေ ရှိပြီးပင်စည်နဲ့ တချို့ ကျောက်တုံးကြီးတွေမှာ ရေညှိတက်နေတာကြောင့် ဒီဒေသက အမြဲ စိုစွတ်တဲ့ ရာသီဥတုဖြစ်မည်။အခုလည်း ချမ်းစိမ့်စိမ့်အအေးဓာတ်နဲ့အတူ ကောင်းကင်တစ်ခွင် ညို့မှိုင်းမှိုင်းတိမ်တို့ ဖုံးလွှမ်းနေတာကြောင့် နေရောင် မမြင်ရ။

ဆက်သွားနေရင်း တစ်နေရာ ရောက်တော့ အမျိုးသမီးနှစ်ယောက် ထိုတောင်ကုန်းပေါ်မှ ဆင်းလာတာ တွေ့ရသည်။အသက်လတ်ပိုင်း အမျိုးသမီးက ခပ်ငယ်ငယ် မိန်းကလေးတစ်ယောက်ရဲ့ လက်မောင်းကိုဆွဲကာ မာန်မဲနေဟန်ရှိသည်။နေရှိန်ကို မြင်တော့ တစ်ချက်သာ ကြည့်ပြီး ခပ်သွက်သွက် ဆင်းသွားကာ နောက်ကျောဘက်ရောက်တော့ ဆူပူနေတဲ့ စကားသံ တစ်စွန်းတစ...

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now