ဖွင့်​ဟလိုက်​တဲ့ ကတီပါဘူး​လေးထဲမှာ ပုံစံတူ ​နောက်​တစ်​ကွင်းရှိ​နေတယ်​။

" ကြိုက်​လား​ ..​ကော "

" ကျွန်​​တော်​ ကိုယ်​တိုင်​​ရွေးထားတာ "

ရှောင်​ကျန့်​ရဲ့ လက်​​ချောင်း​လေးမှာ အံဝင်​ခွင်​ကျဖြစ်​​အောင်​ ၀တ်​​ပေးရင်း ရိ​ပေါ် ပြုံး​နေတယ်​။ သူ့ ဘ၀မှာ တစ်​ခါ​မှ မရှိခဲ့ဖူးတဲ့ အပြုံးမျိုး ။

ရိ​ပေါ်ရဲ့ မျက်​ခမ်းသား​တွေက အညို​ရောင်​​ရေး​ရေး သန်း​နေတယ်​။ နှုတ်​ခမ်းပါးနှစ်​ခု ထိစက်​သွားတဲ့ အခိုက်​မှာ အဲ့ဒီ မျက်​ခမ်း​တွေဆီက မျက်​ရည်​တချို့ စီးကျတယ်​။

" ကျွန်​​တော်​ ထင်​ထားတာထက်​ ​ကောရဲ့ နှုတ်​ခမ်း​တွေက နူးညံ့တယ်​ "

" ​ကော ..."

ရိ​ပေါ်က ​ရှောင်​ကျန့်​ရဲ့ လက်​​တွေကို တင်းတင်းဆုပ်​ကိုင်​ထားတုန်းပဲ။

" ကျွန်​​တော်​​လေ....​ကောကို အရမ်းချစ်​တာ "

ရိ​ပေါ်က ဆုပ်​ကိုင်​ထားတဲ့ လက်​​လေးကို ဖွဖွက​လေး နမ်းပြီး အသိစိတ်​လွတ်​​နေတဲ့ လူတစ်​​ယောက်​လို ​အော်​ရယ်​တယ်​။ မျက်​၀န်း​တွေထဲက မျက်​ရည်​​တွေက လျှံကျရင်း.....။

အချစ်​က နာကျင်​​စေတယ်​ ....။
လူတစ်​​ယောက်​ကို ရူးသွပ်​သွား​စေတဲ့အထိ။

......

ဝင်​ခါနီး ​နေဟာ တိမ်​​တွေကြား ​တောက်​ပစွာ လှ​နေတယ်​။ လိ​မ္မော်​​ရောင်​သမ်း​နေတဲ့ တိမ်​​တွေက ဟိုတစ်​စ ဒီတစ်​စ။ အင်း...တစ်​စုံတစ်​​ယောက်​ရဲ့ နှလုံးသားလို ...။

အခန်းအပြင်​ဘက်​ ၀ရံတာရဲ့ လက်​တန်း​ပေါ် ထိုင်​​နေတဲ့ ရိ​ပေါ်ရဲ့ ​ခြေ​ထောက်​​တွေက ​ဖြေး​ဖြေးချင်းလှုပ်​ရမ်းရင်း တွဲလျားကျ​နေတယ်​။ ရိ​ပေါ်က​တော့ တိမ်​​တွေကို ​ငေး​ကောင်း​နေတုန်း။

မျက်​၀န်း​တွေက ​အေးစက်​​နေတယ်​။
အထိန်းအကွပ်​မဲ့တဲ့ ​လေဟာနယ်​ထဲ တိုးဝင်​ပစ်​လိုက်​ရင်​..ဆိုတဲ့ အ​တွေး​ကို ရိ​ပေါ်​တွေး​နေတယ်​။

Douleurs Rouges  [ Completed ]Место, где живут истории. Откройте их для себя