အပိုင်း(၃၃) မင်းကြိုက်သလောက်ဆိုးစမ်းပါ.....
En başından başla
"ဗိုက်ဆာတယ်လေ, စားဖိုဆောင်က ဒီနားလေးမှာရှိတာ သတိရလို့ ဒီကိုလာလိုက်တာ"
ရန့်ဟော်ချင်း၏မျက်လုံးထဲတွင် 'တကယ်ဘဲမတတ်နိုင်ဘူး' ဟူသော အရိပ်တစ်ချို့ဖြတ်ပြေးသွားလေသည်။
"ဒါဆိုရင် မင်းတစ်ခုခုသွားစားလိုက်တော့, နေဦး, မင်းဘာလုပ်ဦးမလို့လဲ?"
ဘယ်ကယူလိုက်မှန်းမသိသော ပိတ်စတစ်ပိုင်း။ရှောင်းယွီအန်းသည် ထိုပိတ်စနှင့် သူ့မျက်နှာတစ်ဝက်ကိုဖုံးလိုက်ပြီး ခေါင်းအနောက်ဘက်တွင်စည်းလိုက်သည်။
"နည်းနည်းလောက်ခိုးပြီးယူမလို့ , သူတစ်ပါးကိုအထိတ်တလန့်မဖြစ်ရဘူးလေ, စားပြီးရင်လမ်းရှာရဦးမယ်"
ရန့်ဟော်ချင်း : ".........."
ဧကရာဇ်တစ်ပါးက တော်ဝင်စားဖိုဆောင်မှာ စားစရာသွားခိုးတာ အထိတ်တလန့်မဖြစ်စေဘူးတဲ့လား !
ရှောင်းယွီအန်းက ရန့်ဟော်ချင်းကိုလည်း ပိတ်စတစ်ပိုင်းအတင်းပေးသည်။ လှုပ်ရှားမှုကမြန်ဆန်လှသည်။ ခါးကိုကုန်းကာ နံရံအောက်တွင် ကြောင်တစ်ကောင်လိုအနေအထားနှင့်။ ရန့်ဟော်ချင်းက ပထမတော့ သွားရနိုးနိုးမသွားနိုးနိုးနှင့် အင်တင်တင်ဖြစ်နေသေးသည်။ သို့ပေမဲ့ နောက်ဆုံးမှာတော့ မျက်နှာတစ်ဝက်ဖုံးကာ အနောက်ဘက်ပန်းခြံရှိ အုတ်တံတိုင်းနားသို့ ရှောင်းယွီအန်းနှင့်အတူတူလိုက်သွားလေ၏။
ထိုအချိန် ထိုနေရာ၌ ရှောင်းယွီအန်းတစ်ယောက် ပြဿနာတစ်ခုကို သွားတွေ့တော့သည်။
သူက ငယ်ငယ်ကတည်းက ကိုယ်ခံပညာသင်တာမှန်ပေမဲ့ သူနံရံပေါ်မတက်တတ်ဘူးလေ
နှစ်ဆယ့်တစ်ရာစုတုန်းက ခန္ဓာကိုယ်က CEOလေ, ဒီလိုဟာမျိုးကိုကျင့်ဖို့ သူ့မှာဘယ်လိုလုပ်ပြီးအခွင့်အရေးရှိမှာတုန်း
"ငါတက်လို့မရဘူး"
ရှောင်းယွီအန်းက ခန္ဓာကိုယ်ကိုတစ်ဖက်သို့ပြန်လှည့်ကာ ရန့်ဟော်ချင်းထံ အကူအညီတောင်းခံလေသည်။
ရန့်ဟော်ချင်းက အုတ်နံရံကို မျက်လုံးပင့်ကာကြည့်လိုက်ပြီး နောက်ခြေ၃လှမ်းလောက်ဆုတ်ပြီးသော် အရှိန်ယူ၍ သြဇာတိက္ကမအပြည့်နှင့် နံရံပေါ်အသာလေးခုန်တက်သွားသည်။