အခန်း2

1.1K 122 3
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ- Palace of novels

အပိုင်း (၂ ) ဒီကောင်က ယုန္လား

လုဇွီတစ်ယောက်ကတော့ မြက်တွေကို အေးအေးဆေးဆေး စားနေတဲ့ ကြီးမားလှသော ယုန်ဖြူကြီးကို ကြည့်နေမိသည်။ သူက ဘယ်လိုချက်ရမယ်ဆိုတာကိုပင် တွေးနေပြီးပြီ။

" သူ ပြုတ်သင့်လား ကင်သင့်လား"

ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချပြီးသည့်အချိန်တွင်တော့ ကင်ဖို့သာ သတ်မှတ်လိုက်သည်။ သို့ရာတွင် သူ သတိထားမိသည်က သူ့တွင် ဟင်းခတ်အမွှေးကြိုင်တွေလည်းမရှိသလို၊ မီးမွှေးဖို့လည်း ခက်ခဲနိုင်သည်ကိုပင်။  သူ ဘယ်ကိုကြည့်ကြည့် အတောမသတ်နိုင်အောင် များပြားသည့် မြက်ခင်းပြင်ကျယ်ကလွဲပြီး ဘာကိုမွ မတွေ့ရပေ။ သစ်ပင်များကိုပင် မတွေ့ရတော့ သူ မီးမွှေးဖို့က အခက်အခဲ ဖြစ်နေသည်။ သူ မီးမွှေးချင်တယ်ဆိုရင် ထင်းကိုအရင်ရှာရမယ်မဟုတ်လား။

ထိုအခိုက် ယုန်ဖြူကြီးက တစ္ခုခုကို သတိထားမိသြားပုံရကာ နားရွက်တွေကို သတိအေနအထား ထောင်ပြီး သူ့ကိုလှည့်ကြည့်လာသည်။

နီရဲသောမျက်၀န်းတွေနဲ့ သူ့ကိုစိုက်ကြည့်လာသည့်တိုင် ပါးစပ္ကေတာ့ တကျွတ်ကျွတ် ဝါးမပြတ်ပေ။
လူသားနဲ့ယုန်တို့က တစ်ယောက်ကိုတစ်ယောက် အချိန်အတန်ကြာတဲ့အထိ စိုက်ကြည့်နေခဲ့ကြသည်။ သူတို့နှစ်ယောက်ရဲ့ မျက်၀န်းထဲမှ အ၇ိပ်အယောင်တွေက ဆင်တူသည်။ သူတို့နှစ်ယောက်လုံးက အရသာရှိသည့် စားစရာတို့ကို ကြိုက်ကြသည်။ လုဇွီထင်တာက သည်ယုန်ရဲ့ စိတ်ဆန္ဒတွေက မြက်တွေကိုသာ ရည်ရွယ်ပြီး သူ့ကိုမဟုတ်ဘူးလို့သာ။

သို့ရာတွင် ချစ်စရာကောင်းတဲ့ ပါးစပ်လေးကို ဖွင့်ပြီး ဖြူဖွေးတောက်ပသည့် သြားတို့ကို မြင်လိုက်ရချိန်မှာတော့ သူထင်တာ မှားသွားပြီမှန်းသိလိုက်သည်။

" တကယ့်ကို သာမန်ယုန် ဟုတ်မနေဘူးပဲ"

" ဒီယုန္က အရမ်းချစ်ဖို့ကောင်းရဲ့သားရဲ့ ဘာကိစ္စ အဲ့ဒိသွားတွေက တအားချွန်နေရတာလဲ"

ယုန်ဖြူဆီမှလာသည့် ရက်စက်တော့မည့် အရှိန်အဝါတွေကို လုဇွီခံစားမိတော့ အလိုလို နောက်ဆုတ်လိုက်မိသည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now