Part5

362 55 0
                                    

အိမ်​အပြင်​ကို လှမ်းကြည့်​​တော့ မစဲနိုင်​တဲ့ နှင်းမိုးနဲ့ ​​ပြောင်​လက်​​နေတဲ့ ​ရေခဲပြင်​အသွင်​ကို ​ပြောင်းလဲ​နေပြီဖြစ်​တဲ့ ​ရေကန်​ကို မျက်​စိပသာဒဖြစ်​ချင်​စရာ​တွေ့ရတယ်​။ဒါဟာ သူအမြဲတမ်းစိတ်​ကူးယဉ်​ကြည့်​ခဲ့ဖူးတဲ့ Minnesota​ ​ဆောင်းရာသီရဲ့ မြင်​ကွင်းတစ်​ခုပဲ။အ​အေးဒဏ်​ကို မခံနိုင်​တဲ့ သူဟာ ငယ်​ငယ်​ကတည်းက ပုံပြင်​စာအုပ်​ထဲမှာပဲ မြင်​ခဲ့ရတဲ့ Snow Queenရဲ့ ဝမ်းနည်းခြင်းပြယုဂ်​ နန်း​တော်​ကို သိပ်​သ​​ဘောကျတာ​လေ။ကြီးလာတဲ့အခါမှာ အဲ့လိုနန်း​တော်​မျိုးကို​တော့ မ​မျှော်​မှန်း​တော့​ပေမယ့်​ အဲ့ဒီလို ​အေးစက်​​မှောင်​မိုက်​ပြီး ​ငွေ​ရောင်​နှင်း​တွေအတိ ပြီးတဲ့ ​နေရာမှာ​တော့ ​နေချင်​ခဲ့တယ်​။

သူ့အိမ်​က ကန်​​ဘေးက မတန်​တဆ​ဈေးကြီး​ပေးဝယ်​ထားရတဲ့ အဖိုးတန်​​နေရာတစ်​ခုဆို​ပေမယ့်​ သိပ်​ပြီး​တော့ ခမ်းနားတာ​တော့ မဟုတ်​​လေဘူး။ဘာ တန်​ဆာဆင်​မှုမှ သိပ်​မပါတဲ့ ရိုးရှင်းလှတဲ့ နှစ်​ထပ်​အိမ်​​လေးက သူနဲ့ အိမ်​​တော်​ထိန်းတစ်​​ယောက်​၊အ​စေခံနှစ်​​ယောက်​အတွက်​ အခန်းအပြည့်​အစုံနဲ့ ​သက်​​တောင့်​သက်​သာ​နေနိုင်​တယ်​။အုတ်​ကြွပ်​အနက်​မိုးထားတဲ့ အိမ်​အဖြူ​လေးဟာ သူ့စိတ်​ကြိုက်ပုံစံနဲ့ မွမ်းမံထားတာ​တော့ မဟုတ်​​ဘူး။တံစက်​မြိတ်​က​နေ တွဲ​လောင်းဆွဲချထားတဲ့ မီးအိမ်​​လေးလုံးနဲ့ အိမ်​ထဲမှာ တန်​ဆာဆင်​ထားတဲ့နံရံကပ်​မီးအိမ်​​လေး​တွေက​တော့ သူ့အကြိုက်​ သူကိုယ်​တိုင်​ ဆင်​ထားတာပဲ။ ​ရေကန်​နဲ့ ​ဘေးချင်းယှဉ်​ပြီး ​နေထွက်​ရာအရပ်​ကို မျက်​နှာမူထားတာမို့ သူ့ရဲ့ အနည်းငယ်​ကျယ်​ဝန်းတဲ့ ခြံဝန်းထဲမှာ ​ပေါက်​​ရောက်​​နေတဲ့ နှင်းဆီဖြူ​တွေအတွက်​​တော့ ​နေ​ရာ​ကောင်းလို့ ​ပြောရမယ်​။

ဒါ​ပေမဲ့ သူ့အ​နေနဲ့ အဲ့ဒီပန်းဖြူဖြူ​တွေအတွက်​ သိပ်​ပြီး စဉ်းစား​ပေးလိုလှတာ​တော့ မဟုတ်​​လေဘူး။သူ့ရဲ့ ကျန်းမာ​ရေးအတွက်​ဆိုပြီး မရမက ​ချော့တစ်​ခါ ​ခြောက်​တလှည့်​ စိုက်​​ထားတဲ့ ဒီပန်း​တွေကို သူနည်းနည်းမှ မသတီဘူး။အခုချိန်​မှာ အ​တွေးလွန်​ပြီး ဒီပန်း​တွေကို ကြည့်​လိုက်​မိတဲ့ တစ်​ခဏမှာ​တောင်​ သူ့မျက်​လုံးကို သူသနားလှပြီ။

DEW(အေးချမ်းစွာ ပျော်ဝင်အိပ်စက်ခြင်း)Where stories live. Discover now