Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Unicode
ညီမသာကြယ်တစ်ပွင့်ဖြစ်ခဲ့ရင်
အစ်ကို့ဆုတောင်းတွေကိုဖြည့်ဆည်းနိုင်ဖို့
ကိုယ့်သက်တမ်းကိုယ်ခြွေလို့
အစ်ကို့ရှေ့မှာကြွေကျပေးဖြစ်ဦးမှာ...
________________________________
မြတ်နိုးရခြင်းလေးဟာ 2019 မိုးဦးကာလမှာ နေရာဒေသအကွာအဝေးတွေကိုဖြတ်ကျော်လို့ ညီမရင်ထဲတည့်တည့်
သက်ဆင်းလာခဲ့တယ်
မျက်စိမမှိတ်တမ်းငေးပစ်ချင်စရာကောင်းလွန်းတဲ့အပြုအမူတွေကြားမှာ ဒီလူကိုငါဘာလို့အခုမှတွေ့ရတာလဲဆိုတဲ့ နောင်တဟာ ပထမဆုံးအကြိမ်ဖြစ်တည်တယ်
အစ်ကိုက နေရောင်ခြည်လိုနွေးနွေးလေး
အစ်ကိုက စိမ့်စမ်းရေလိုအေးအေးလေး
အစ်ကိုက ညီမတစ်သက်လုံးစာထိုင်ကြည့်နေချင်တဲ့
အလှပဆုံးရှုမြော်ခင်းလေး❤.

Zawgyi
ညီမသာၾကယ္တစ္ပြင့္ျဖစ္ခဲ့ရင္
အစ္ကို႔ဆုေတာင္းေတြကိုျဖည့္ဆည္းနိုင္ဖို႔
ကိုယ့္သက္တမ္းကိုယ္ေႁခြလို႔
အစ္ကို႔ေရွ႕မွာေႂကြက်ေပးျဖစ္ဦးမွာ...
________________________________
ျမတ္နိုးရျခင္းေလးဟာ 2019 မိုးဦးကာလမွာ ေနရာေဒသအကြာအေဝးေတြကိုျဖတ္ေက်ာ္လို႔ ညီမရင္ထဲတည့္တည့္
သက္ဆင္းလာခဲ့တယ္
မ်က္စိမမွိတ္တမ္းေငးပစ္ခ်င္စရာေကာင္းလြန္းတဲ့အျပဳအမူေတြၾကားမွာ ဒီလူကိုငါဘာလို႔အခုမွေတြ႕ရတာလဲဆိုတဲ့ ေနာင္တဟာ ပထမဆုံးအႀကိမ္ျဖစ္တည္တယ္
အစ္ကိုက ေနေရာင္ျခည္လိုႏြေးႏြေးေလး
အစ္ကိုက စိမ့္စမ္းေရလိုေအးေအးေလး
အစ္ကိုက ညီမတစ္သက္လုံးစာထိုင္ၾကည့္ေနခ်င္တဲ့
အလွပဆုံးရႈေျမာ္ခင္းေလး❤.
