Part 1

52 4 0
                                        

Unicode
"Merry Christmas" မိသားစုတွေ သူငယ်ချင်းတွေ ချစ်သူတွေ အုပ်စုလိုက် အုပ်စုလိုက်လာကြစားကြသောက်ကြရင်း အတူတူဖြတ်သန်းဆင်နွှဲပြီး ပျော်နေကြတဲ့အချိန် JiHye လေးတစ်ယောက် ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးရင်းနဲ့ အချိန်ပိုင်းလုပ်နေရင်း JiHye ရဲ့ဖုန်းလေးထဲ message တစ်စောင်ဝင်လာလေရဲ့

"Noona ရေ Merry Christmas နော် ပြန်လာတော့မှာလား နွေးနွေးထွေးထွေးလေးဝတ်နော် စောင့်နေမယ်" အဲ့ message လေးမြင်မြင်ချင်းအားတက်သွားတယ် ကိုယ့်ကိုစောင့်နေတဲ့သူတစ်ယောက် အမြဲရှိပါလားဆိုတဲ့အတွေးလေးနဲ့ပေါ့

Tik Tok Tik Tok Tik Tok ⏰
JiHye Pov

အိမ်ပြန်ရောက်တော့ တစ်အိမ်လုံးအမှောင်

"ဟယ် အိမ်ကဘယ်လိုဖြစ်လို့မှောင်နေတာလဲ
ဟိုကလေး အပြင်ခဏထွက်သွားလို့လား ?
Eunsang ရေ Lee Eunsang" ဧည့်ခန်းထဲဝင်တော့ မီးတွေနဲ့ လင်းပြီး အရမ်းနေလှတဲ့ Christmas tree ကြီး
ကိုယ်လည်းမျက်ရည်တွေဝဲပြီး ကြည့်နေမိတယ် ခဏနေတော့
ဟင်းခွက်ကြီးကိုင်ပြီး မီးဖိုချောင်ကနေထွက်လာတဲ့ Eunsang လေး

"Aww Noona ပြန်ရောက်ပြီလား Surprise လုပ်မို့ဟာကို ဒီကောင်က မကျက်သေးတာနဲ့" လက်ထဲက ဟင်းခွက်ကိုမြှောက်ပြီးရင်း နှစ်ယောက်သား ရယ်မိတော့တယ်

"Seoul အထိ တက်လာတာ Wuri Eunsang လေးအရမ်းပင်ပန်းနေမှာပဲ Noona ပေါ့ပေါ့ပါးပါးပဲစားရင်တောင်ရတယ်လေ" ပြောရင်းနဲ့ မီးဖွင့်ပြီး ဟင်းခွက်ရဲ့ အဖုံးကိုဖွင့်ကာမှ မီယောဂု ဟင်းရည်ကိုမြင်ရင်း JiHye တို့မျက်ရည်ပေါက်ပေါက် ပေါက်ပေါက်ကျပြီး အရင်က ဝိုတိုးဝါးတား အမှတ်တရလေးတစ်ခု ပြန်သတိရမိသွားတယ်

Flashback 👈🏻

"JiHye ရေ"

"Nae Appa"

အိမ်အောက်ထပ်ဆင်းဆင်းချင်း မြင်လိုက်ရတာ Christmas Tree ကြီးနဲ့ JiHye လေး တအားလိုချင်နေခဲ့တဲ့ Teddy Bear အဖြူလေး

"Woahhhhhh မိုက်လိုက်တာ
Appa အရမ်းကြိုက်တာပဲ လှလိုက်တာ"

"JiHye ရေ" Cake ကြီးကို သယ်ပြီးထွက်လာခဲ့တဲ့ Omma

"Woahhhhhh" ၅နှစ်အရွယ်ကလေးအတွက် ရင်ခုန်စရာတွေကြီးပဲပေါ့ cake ရယ် လက်ဆောင်တွေရယ် Christmas နဲ့မွေးနေ့နဲ့ တစ်ထပ်တည်းကျတဲ့သူမအတွက်တော့ အကြီးမားဆုံးသောပျော်ရွှင်မှုပဲပြောရမလား

Memory  (Zawgyi/Unicode)Stories to obsess over. Discover now