💝 30 💝 (end)

Start from the beginning
                                    

သမ္မတရဲ့ သားက ယောက်ျားလေးကို လက်ထပ်လိုက်တယ်ဆိုတော့ သတင်းထောက်တွေကလဲသူ့ထက်ငါအပြိုင်အဆိုင်ပေါ့ အားပေးတဲ့သူတွေရှိသလို ကန့်ကွက်တဲ့သူတွေလဲရှိတယ် နိုင်ငံကိုအုပ်ချုပ်နေပြီးတော့ သားကိုတောင်မထိန်းဘူးဆိုပြီး အပြစ်တင်ပုတ်ခတ်တဲ့သူတွေလဲရှိတယ်

သမ္မတကြီးကတော့နောက်နှစ်ရွေးကောက်ပွဲမှာ နှုတ်ထွက်တော့မယ်တဲ့ နိုင်ငံရေးအလုပ်တွေကိုရပ်ပြီးတော့ အေးအေးချမ်းချမ်းပဲနေတော့မယ်လို့ ပြောခဲ့တယ် အခုမင်္ဂလာပွဲမှာပေါ့

သတင်းထောက်တွေကတော့ ခန်းမထဲကိုဝင်ခွင့်မရှိလို့ အပြင်မှာပဲကျန်နေခဲ့ရတယ် အားလုံးက ရာထူးကြီးကြီးကလူတွေပဲမို့ ပွဲကိုတက်ရောက်တဲ့သူတိုင်း အရှိန်အဝါတွေဖြာထွက်နေသလိုမျိုး အံ့သြစရာကောင်းတယ် ကိုယ်ရံတော်တွေ သက်တော်စောင့်အသီးသီးနဲ့ သတင်းထောက်တွေကလဲ သတင်းယူကြတာ တိုးကြိတ်နေရော အရမ်းကိုပြည်သူတို့ရဲ့စိတ်ဝင်စားမှုကို ရရှိထားတာပါ

ယောက်ျားလေးနှစ်ယောက် မင်္ဂလာပွဲဆိုတော့ ရိုးရိုးလေးနဲ့ အမြင်တင့်စေတဲ့ ဒီဇိုင်းလေးကို ပြုလုပ်ထားတယ် နှင်းဆီအဖြူတွေနဲ့ အလှဆင်ထားပြီ baby breath ပန်းလေးတွေနဲ့ရောယှက်ထားကြတယ် အရမ်းကိုလှပတဲ့ ခန်းမကြီးတစ်ခုဖြစ်နေတာပေါ့ ဝင်လိုက်တာနဲ့ နတ်ပြည်ကိုရောက်သွားသလိုမျိုး လှပပြီး တော်ဝင်ဆန်တဲ့ပုံစံကို ရင်သပ်ရှုမော မြင်တွေ့ရမှာဖြစ်ပါတယ်




Do'' luhan စိတ်လှုပ်ရှားနေတာလား ကြည့်ပါဥိး ချွေးတွေချည်းပဲ ''

Lu'' အင်း ဒါလင်နဲ့လက်ထပ်ရမယ်ဆိုတော့ အိမ်မက်လိုပဲ အရမ်းလဲရင်တွေခုန်နေတယ် ''

Do'' ဟုတ်ပါပြီ luhan ကအကောင်းဆုံးလုပ်နိုင်မှာပါ ''


ဒေါက် ဒေါက်....

Kai'' ငါ့သားကြီး လှလို့ပလို့ပါလားဟ ''

Lu'' ခန့်တာကွ ခန့်တာ ''

Kai'' ဟဟ အေးပါ ငါ ချစ်ချစ်ကိုလာခေါ်တာ ပွဲချိန်နီးနေပြီလေ''

Lu'' အေ အေ ''







ခန်းမကြီးရဲ့ တံခါးကိုဖွင့်လိုက်တော့ အဖြူရောင် နတ်သားနှစ်ပါး ကောင်းကင်ကနေ ဆင်းသက်လာသလိုမျိုး လိုက်ဖက်ညီလွန်းနေတယ် နောက်ခံတေး beautiful in white song လေးကလဲ ပျံ့လွှင့်နေတာ ကောဇောနီခင်းထားတဲ့လျှောက်လမ်းတစ်လျှောက်မှာ ထိုနတ်သားနှစ်ပါး လက်တွဲပြီးဝင်လာတယ် ပန်းစီးတွေဘာတွေမလိုဘဲနဲ့ပေါ့ နှစ်ယောက်လုံးက ယောက်ျားတွေချည်းပဲဟာ


အမြဲတမ်းမင်းအနားမှာ (Completed) Where stories live. Discover now