Part-6

6.3K 741 70
                                    

#Zawgyi

ခါးပေါ်မှ တင်းကြပ်စွာရစ်တွယ်ထားတဲ့
လက်မောင်းတစ်စုံကြောင့်

သူမျက်လုံးဖွင့်ကြည့်မိတော့
သူ့အား ရင်ခွင်ထဲသို့ ထည့်ရင်း
အိပ်မောကျနေတဲ့ သူ့ရဲ့Daddyဆိုသူ

ဝင်သက်ထွက်သက်လေးတေက
သူ့ရဲ့နှဖူးသို့ လာရိုက်ခတ်သည်အထိ
နီးကပ်နေသော မျက်နှာပြင်ချောချောအား သူငေးကြည့်မိသည်

ထိုလူကြီးဆီက အနှစ်သက်ဆုံးကိုပြောပါဆိုလျှင်
စိတ်လိုလက်ရ ပြုံးလိုက်တဲ့အခါ
နင့်ကနဲပေါ်လာတဲ့ Dimpleကြီးပင်!

မနာလိုစရာကောင်းလိုက်တာ ခင်များရာ

ရင်ခွင်ထဲမှ လှုပ်ရှားကာအငြိမ်မနေတဲ့
သူ့ရဲ့ကလေးကြောင့် သူနိုးတာကြာနေပြီဖြစ်သည်

ဖျက်ကနဲ..သူမျက်လုံးဖွင့်ကြည့်မိတော့
သူ့ရဲ့မျက်နှာလေးဆီ ဦးတည်လာတဲ့
ရှည်သွယ်သွယ် လက်ချောင်းကလေး ရပ်တန့်ကာ
မျက်လုံးဝိုင်းဝိုင်းလေးဖြင့်
ကြည့်နေပါသော သူ့ရဲ့အသည်းအသက်လေး

ထိုလက်ချောင်းလေးအား ဆွဲကာ
အနမ်း ဖွဖွပေးရင်း
သူပြုံးမိတော့

" Morning Daddy! "

အိပ်နေတဲအထင်နဲ့ နှာခေါင်းလေးကို လက်ဖြင့်ထိမယ်
အကြံနဲ့ ရှေ့တိုးသွားပေမဲ့
မထင်ထားတာက သူ့ရဲ့Daddyက နိုးလာခြင်းပင်

သူ့ရဲ့လက်ကလေးအား ဆွဲကာ
အနမ်းဖွဖွပေးရင်း ပြုံးပြလာတော့
သူအနှစ်သက်ဆုံး Dimpleကြီးက ပေါ်လာလေရဲ့

" Morning ပါ ကိုယ့်ရဲ့ အလှလေး "

" အဟမ်း....ကျွန်တော်အရင် bathroom သုံးမယ် "
ဟုဆိုရင်း သူကုတင်ပေါ်မှ ပြေးဆင်းကာ
ရေချိုးခန်းထဲသို့အပြေးဝင်မိသည်

Ah!.....သူဝတ်စရာ အဝတ်မှမရှိတာ
ဒါကြောင့်....ရေချိုးခန်းထဲမှ ခေါင်းလေးပဲထွက်ကာ
ရှာမိတော့ ကုတင်ပေါ်မှာ ထိုင်နေတဲ့
သူ့ရဲ့ Daddy ဆိုသူကြီး

" Daddy.....ဝတ်စရာ အဝတ်အစားစီစဉ်ပေးအုံး "

" Don't worry baby! ကိုယ် အခုလေးတင်
ယူလာခိုင်းပြီးပြီ "

Oh!......ဘယ်လိုတောင် အလိုက်သိပြီး
စနစ်ကျတဲ့ လူကြီးပါလိမ့်

Call Me Daddy!Waar verhalen tot leven komen. Ontdek het nu