10.4K 1.1K 83
                                    







Unicode



အောက်ပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်ပုံဖော်မှုများသာဖြစ်သည်။

_________________________________________

နှိုးစက်ရဲ့တတီတီအော်မြည်သံကြောင့် ရှောင်းကျန့်အိပ်နေရာမှနိုးထလာခဲ့သည်။ညကသူကြိုက်တဲ့novelကို ဖတ်နေတာကြောင့် ညတစ်နာရီခွဲမှသာအိပ်ဖြစ်၍ နှိုးစက်အော်နေသော်လည်း သူ့မှာအိပ်ယာထဲကမထနိုင်သေး။မျက်လုံးပိတ်ထားရင်းနှင့်ပင် တတီတီအော်မြည်နေသော နှိုးစက်ကိုပိတ်လိုက်သည်။အိပ်ယာကမထသေးဘဲ နောက်ထပ်နာရီဝက်လောက်ဆက်အိပ်မည်ဟုစဉ်းစားလိုက်သော်လည်း ရစ်နာလာတဲ့ဗိုက်ကြောင့် မျက်လုံးမှိတ်ရက်နဲ့ပင် အိပ်ယာထဲမှထွက်ကာ ရေချိုးခန်းရှိရာဆီသွားလိုက်သည်။

အိမ်သာတက်ပြီးကာမှပဲ ရစ်ပြီးနာနေတဲ့သူ့ရဲ့ဗိုက်ဟာ အဆင်ပြေသွားရသည်။ဗိုက်ကအဆင်ပြေပေမယ့်လည်း မျက်လုံးကတော့အဆင်မပြေသေးပေ။မျက်လုံးမှိတ်ရက်သားနဲ့ပင် ရေချိုးခန်းတံခါးရှိရာဆီသွားကာ တံခါးကိုဆွဲဖွင့်လိုက်‌သော်လည်း တံခါးလက်ကိုင်ကိုမကိုင်မိဘဲလေကိုသာဖမ်းဆုပ်မိသွားသည်။နောက်တစ်ခါထပ်စမ်းကြည့်သော်လည်း တံခါးနှင့်တူတာတစ်ခုမှကို ရှောင်းကျန့်မကိုင်မိပေ။ဒီဖေ....ဒီနားကတံခါးကိုဘယ်သူရွှေ့သွားတာတုန်း...။

မျက်လုံးကိုမဖွင့်ချင်သေးပေမယ့်လည်း တံခါးဘယ်နားရောက်နေလဲဆိုတာ ကြည့်ဖို့အတွက်ရှောင်းကျန့်ကြိုးစားကာမျက်လုံးကိုဖွင့်လိုက်သည်။မျက်လုံးထဲသို့စူးကနဲဝင်ရောက်လာတဲ့ နေရောင်ခြည်ကြောင့် မျက်လုံးကိုပြန်မှိတ်လိုက်ရသေးသည်။အလင်းရောင်ကိုအနည်းငယ်အသားကျသွားမှသာ ရှောင်းကျန့်မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။မျက်လုံးဖွင့်ဖွင့်ချင်း သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အိပ်ချင်မူးတူးဖြစ်နေတဲ့ ရှောင်းကျန့်ရဲ့မျက်လုံးတွေပြူးသွားရသည်။

သူအိမ်မက်မက်နေတာများလား။ရှောင်းကျန့်မျက်လုံးကိုလက်ဖြင့်ပွတ်ကာ ထပ်ကြည့်လိုက်သော်လည်း သူ့ရှေ့ကမြင်ကွင်းကတော့ပြောင်းမသွားပေ။သူသေချာမှတ်မိပါသည်။သူခုနကသူ့အိမ်ကရေချိုးခန်းထဲမှာရှိနေခဲ့တာလေ။အခုဘယ်လိုဖြစ်ပြီး ကားလမ်းဘေးကိုရောက်သွားတာလဲ။သောက်ကျိုးနည်း.....ဘာတွေဖြစ်နေတာလဲ!!!!!

The Last OmegaWhere stories live. Discover now