Part 2

1.7K 35 3
                                    

Zawgyi Ver

ဆူဘင်း တစ်ယောက် တစ်ရက်တာလုံးလေ့ကျင့်ခဲ့သမျှဖြင့်မပြီးနိုင်ဘဲ
အခန်းထဲထိပါမနားနိုင်ဘဲလေ့ကျင့်နေလေသည်။
ယွန်းနို ဟာရေချိုးတဘက်ကို ပခုံး​ပေါ်တင်​နေရင်းမှ

"ဆူဘင်း ရေမချိုးသေးဘူးလား ငါတော့ချိုးတော့မယ်"

"အင်း ချိုးလေ မင်းပြီးမှငါချိုးတော့မယ်"

အခန်း​ဖော် ဒယ်​ယောင်း Hyung က သူရဲ့ အိပ်ယာကုတင်ပေါ်ကနေပြီး ဆူဘင်း ကို လှမ်းကြည့်ပြီး

"ဆူဘင်း မင်းတို့ကျောင်းတွေဖွင့်တော့မယ်မလား"

"ဟုတ်ကဲ့ အစ်ကို နောက်၅ရက်နေရင်ဖွင့်မှာ"

"မင်းတို့အိမ်ပြန်ကြတော့မယ်ပေါ့"

ဆူဘင်းက ဘာမှမပြောဘဲ လေ့ကျင့်နေရင်းမှလှမ်ပြုံးပြလိုက်သည်။

"ညနေပိုင်းတော့လာလေ့ကျင့်မယ်မလား"

"မလာဖြစ်လောက်ဘူးအစ်ကို အိမ်ကဝေးတော့ ပိတ်ရက်မှာပဲtrainရတော့မယ်"

"မင်းတို့မရှိရင်တော့ လွမ်းနေရတော့မှာပဲ အခန်းကလည်းခြောက်ကပ်နေမှာဟိုကောင် ယွန်းနို
ရဲ့ အသံဆိုးရီးလည်းကြားရမှာမဟုတ်တော့ဘူး"

"ယွန်းနိုက နေ့တိုင်းလာမယ်နဲ့တူတယ် သူ့အိမ်နဲ့အရမ်းမဝေးဘူးလေ"

" ဒါဆိုဒီအခန်းထဲက မင်းတစ်ယောက်ပဲပြန်မှာပေါ့"

"အဲ့လိုပဲ ဟုတ်မယ်ထင်တယ်"

ထိုစဉ် အခန်းထဲဝင်လာသည့် ထယ်ယုံး Hyung ကလည်း အ​ပေါ်ထပ်အိပ်ယာပေါ်တတ်မလို့ပြင်​နေရင်းမှမတတ်​တော့ဘဲ ဒယ်​​ယောင်းရဲ့အောက်ထပ် ကုတင်မှာပဲ ဝင်ထိုင်ရင်း စကားစမြည်ဝင်ပြောလာလေသည်။

"ဆူဘင်း မင်းကျောင်းပြောင်းခဲ့လေ အဲ့တာဆို ဒီမှာနေလို့ရပြီ"

" မိဘတွေကခွင့်မပြုဘူးဗျ"

ဒယ်ယောင်း ဟာ မျက်ခုံးကိုပင့်ကာ အံ့သြဟန်အပြည့်နဲ့

"မင်းကသားလိမ္မာလေးပဲ ငါဆိုလည်း ငါ့အမေကခွင့်မပြုဘူး
ငါလုပ်ချင်တာတွေငါလုပ်တာပဲ"

End Of Dreams Where stories live. Discover now