1(uni)

284 24 8
                                        

"Nong Win! ....ဟေး...Nong... "

ကျောင်းဂိတ်ပေါက်ဝနားမရောက်သေးခင်
အနောက်ကနေ အသံအကျယ်ကြီးနဲ့အော်ခေါ်နေသံကြားပေမယ့် Win မကြားချင်ယောင်ဆောင်လိုက်တယ်။

အနောက်ကနေ ကပ်လိုက်လာတဲ့ခြေသံတွေပါကြားတာမို့ ခပ်မြန်မြန်ပဲလျှောက်လိုက်တယ်။ ဒါပေမယ့် လက်လျှော့ပုံမရသေးတဲ့ပုဂ္ဂိုလ်က Winနောက်ကနေပြေးလိုက်လာပြီး Winဘေးမှာကပ်လျှောက်နေတယ်။

"မောလိုက်တာ.... ခေါ်နေတာမကြားဘူးလား...ငယ်ငယ်လေးနဲ့ အကြားအာရုံချို့ယွင်းနေတာများလား? "

ဘေးကနေကပ်လိုက်လာပြီး စကားတွေပြောနေရုံသာမက လက်ရဲဇက်ရဲနဲ့  Winနားရွက်တဖက်ကိုပါ စစ်ဆေးသလို ကိုင်ကြည့်နေသေးတယ်။ ဒီပုဂ္ဂိုလ်က အမြဲ လက်သရမ်းတယ်။

Win သူ့လက်ကိုဖယ်ထုတ်ရင်း  မျက်နှာခပ်တည်တည်နဲ့ပြန်ကြည့်လိုက်တော့ ပါးစပ်အဖြဲသားနဲ့ရယ်ပြတယ် ။ ဒီပုဂ္ဂိုလ်က Winကို သူ့ကစားစရာလို့ ထင်နေပုံရတယ်။အမြဲလိုက်စတယ် ။

"P'..."

"P'Bright!!!!"

Winပါးစပ်ပြင်နေတုန်းမှာပဲ အသံခပ်ဆာဆာလေးနဲ့အော်လိုက်တဲ့ကောင်မလေးရဲ့အသံကြောင့် Winရော သူရော လှည့်ကြည့်လိုက်တယ်။ ကောင်မလေးကိုမြင်တော့ သူက သက်ပြင်းချပြီး တခုခုကြံနေသလို မျက်မှောင်ကျုံ့ကာ စဉ်းစားနေတယ် ။

ကောင်မလေးက Winတို့ကျောင်းကပဲ ။ အတန်းတော့မတူဘူး ။ ဒါပေမယ့် Win သူ့ကိုသိတယ် ။ Music Clubက NeNe ။

NeNeက Winတို့နားကို ဆူပုတ်ပုတ်နဲ့ရောက်လာပြီး ကျောပိုးအိတ်ထဲက ဖုန်းကိုထုတ်လို့ Win တို့ရှေ့ကို ဖုန်းကြီးထိုးပြတယ်။

Chat boxတခုပဲ ။

bbrightvc နဲ့ ပြောထားတဲ့conversationတချို့ဖြစ်ပြီး အောက်ဆုံးမှာ
You can't reply to this conversation, Learn More. တဲ့ ။

"NeNe..."

"P'Bright! ဒါ ဘာအချိုးချိုးလိုက်တာလဲ? ဟမ်? "

"Blockလိုက်တာ....စကားမပြောချင်တော့လို့..."

"တကယ်မယုံနိုင်စရာပဲ...NeNeနဲ့တွဲတာ တစ်လတောင်မပြည့်သေးပဲနဲ့ ဒီအချိုးမျိုး...."

Love PlaylistWhere stories live. Discover now