အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)

Начните с самого начала
                                    

"မင်း အခုချက်ချင်း ပြန်လာခဲ့စမ်း!!!!!!"

ချူရွှင်က အော်ပြောလာ၏။ ချူယွမ်လည်း မကြားချင်ယောင်ဆောင်ထားသည်။

"ဒင်းကို ရအောင် တားထားစမ်း!!!!!"

"မှန်ပါ့ဘုရား"

မွန်ဂိုတပ်သားသုံးယောက်က ချူယွမ်နောက်ကို အမီလိုက်ပြီး အဘက်ဘက်မှ ဝိုင်းရံပိတ်ဆို့ထားလိုက်ကြသည်။

"ငါ့ညီတော်မောင်က ဘာလို့ ထွက်ပြေးနေတာလဲဟမ်"

ချူရွှင်က တဖြည်းဖြည်းလျှောက်လှမ်းလာကာ ဆက်ဆို၏။

"မင်းရဲ့ကိုယ်ခံပညာက အတော်လေးအဆင့်မြင့်​တာဆို၊ ခမည်းတော်ဧကရာဇ်တောင်မှ အရမ်းတွေ ချီးကျူးထားတာပဲ။ ဒီနောင်တော်ကြီးက မင်းနဲ့ တစ်ပွဲတစ်လမ်းလောက် နွှဲကြည့်ချင်ရုံပါ။ ဒါကို မင်းက သရဲမြင်လိုက်ရသလို တစ်ချိုးတည်းထွက်ပြေးတာမျိုးတော့ မလုပ်သင့်ဘူးလေ"

ချူယွမ်က လက်နှစ်ဖက်ကို အချင်းချင်းဆုပ်ကိုင်ယှက်နွယ်ဆုပ်ကိုင်ထားလိုက်ကာ သတိကြီးကြီး ထားနေ၏။

ချူရွှင်က ချူယွမ့်မေးအားကိုင်လိုက်ပြီး ငူ့အား အတင်းအကျပ် မော့ကြည့်လာစေကာ မုန်းတီးလှသော မျက်ဝန်းများဖြင့် ချူယွမ်အား စိုက်ကြည့်လာ၏။

သိပ်မကြာသေးခင်ကပင် ညီလာခံသဘင်မှာ မှူးမတ်များ ပြောဆိုဆွေးနွေးနေကြသည်တဲ့။

အိမ်ရှေ့စံမင်းသားမှာ အတော်ပင် စိတ်ဓာတ်ကြမ်းတမ်းခက်ထန်ပြီး ဒုတိယမင်းသားငယ်ကမူ ပါရမီစွမ်းရည်အရာတွင် သာလွန်ထက်မြက်ကြောင်း။ ဧကရာဇ်အရှင်ကလည်း အိမ်ရှေ့စံအလဲအလှယ်လုပ်မည့်ကိစ္စကို သွယ်ဝိုက်မိန့်ကြားပေါင်းလည်းများနေပြီဖြစ်သည့်အကြောင်း။ ဧကရီအရှင်မကလည်း ဒုတိယသားတော်ကိုမှ ပို၍ချစ်ခင်မြတ်နိုးလေရာ၊ ထို့ကြောင့် ဤတစ်နှစ်နှစ်နှစ်အတွင်းမှာပင် အိမ်ရှေ့စံရာထူးမှာ အပြောင်းအလဲရှိလာမည်ဟု ညီလာခံတစ်ခုလုံး ထင်ကြေးပေးနေကြသည်တဲ့။

ဖခင်ဖြစ်သူကလည်း မချစ်၊ မိခင်ဖြစ်သူကလည်း မိမိကို မသနား။ ထို့အပြင် အမြဲတမ်းကြားနေရသော ပတ်ဝန်းကျင်၏ ကဲ့ရဲ့ပြစ်တင်သော စကားများ။

ဧကရာဇ်ဗျူဟာМесто, где живут истории. Откройте их для себя