"ရေခူတွေကို သိပ်ကြိုက်တာပဲလား ?"

ထာနီခါဇဲရဲ့ အမေးကြောင့် ရှင်းယက မှန်သားပေါ်က အကြည့်ခွာလာပြီး ခေါင်းငြိမ့်ပြတယ် ။

"အင်း ! ရေခူတွေကို အရမ်းချစ်တယ်"

နောက်တော့ မျက်လုံးလေးတွေ မှိတ်သည်အထိ ပြုံးနေပြန်တယ် ။ ထာနီခါဇဲရင်ထဲက မျက်စိရှေ့က ပင်လယ်ပြာလေးကို သိမ်းကျုံးပွေ့ဖက် ပစ်လိုက်ချင်စိတ်ကို မနည်းချွန်းအုပ်ရင်း ထုံးစံအတိုင်း လက်တွေပိုက်ထားကာ ခပ်တည်တည်နဲ့ ဆက်ပြောလိုက်တယ် ။

" သူတို့ က ဒီတိုင်းပဲ ကူးနေတာပဲ မဟုတ်လား အပေါ်သွားလိုက် အောက်သွားလိုက် ဘာမှ မသိ ဦးတည်ချက်မရှိဘဲ မျောနေသလိုမျိုး"

ပြောပြီးမှ သူ့လေသံတွေထဲ အနည်းငယ် အလိုမကျဖြစ်ဟန်စွက်သွားမှန်း ထာနီခါဇဲ သတိထားမိလိုက်တယ် ။ သူကတော့ ကိုယ်တိုင်တောင် သတိမထားမိဘဲ အမှုမဲ့ အမှတ်မဲ့နဲ့ ရေခူကို မနာလိုနေမိသလိုဘဲ ။ ထာနီခါဇဲ သက်မခိုးချရင်း ချောင်းတစ်ချက်ဟန့်ကာ ဟန်ကိုယ့်ဖို့ လုပ်လိုက်တယ် ။

" အဟမ်း...  အင်း..  ချစ်စရာကောင်းပါတယ် ရေခူတွေက လှတာပေါ့ သဘောကျချင်စရာပါပဲ အပေါ်ကူးလိုက် အောက်ကူး....လိုက်... ရှင်း..ရှင်းယ..?"

ရုတ်တရက် သူ့ခါးကို လာသိုင်းဖက်တဲ့ ရှင်းယကြောင့် ထာနီခါဇဲ နောက်ကို တစ်ချက်ယိုင်သွားတယ် ။ သူ့မျက်လုံးတွေက ပြူးဝိုင်းလို့ ။ ဘေးဘီကို ပြူးပြဲကြည့်လိုက် ရှင်းယကို ကြည့်လိုက်နဲ့ တအံ့တဩဖြစ်နေတယ် ။ ရေခူပြခန်းထဲက စုံတွဲတစ်ချို့ကတော့ သူတို့နှစ်ယောက်ကို အံ့ဩတသွယ် ပြုံးတုန့်တလှည့်နဲ့ အသာလေး မမြင်ချင်ယောင်ဆောင်ပေးကြတယ် ။

" အဟက် ~"

ထာနီခါဇဲက ခပ်ဟဟရယ်ရင်း ရင်ခွင်ထဲက ရှင်းယကို အသာလေး ပြန်ဖက်ထားတယ် ။ သူ့မျက်နှာက အင်မတိ အင်မတန် သဘောခွေ့နေသယောင်ယောင် ။

" ရေခူထက် ထာနီခါဇဲစံကို ပိုချစ်တာပါ"

"...."

ရင်ခွင်ထဲ မျက်နှာထည့်ဖွက်ထားတဲ့ ရှင်းယဆီက စကားသံ တိုးလျလျ ။ ဒီကောင်လေး သူရေခူတွေကို အူတိုစပြုနေပြီဆိုတာ အတတ်သိတဲ့ ဟန်နဲ့ ။

Midnight CafeWhere stories live. Discover now