Part-1(Zawgyi+Unicode)

6K 327 2
                                    

hy-dran-gea

"စည်းကျော်မဲ့သူရှိလား..........။"

"သွားပေါ်မဲ့သူရှိလား........."

နွေရာသီကာလဖြစ်၍ နွေဦးကံ့ကော်ပန်းများပွင့်ရာ ကံ့ကော်ပင်ကြီး၏အရိပ်အောက်တွင် ကလေးများတသိုက် စုဝေးကာ ဆော့နေကြ၏။ နွေခေါင်ခေါင်၏ပူပြင်းမှုဒဏ်ကို အံတုကာ ချွေးတရွဲရြွဲဖင့်မမောမပန်း ကစားနေကြလေသည်။ ထိုစဉ်ဝဖိုင့်ဖိုင့်အဒေါ်ကြီးတစ်ယောက်က သူ့မြေးဟုထင်ရသော ကောင်လေးကို လက်မှကိုင်ဆွဲကာ ထိုကလေးများဆော့နေရာသို့ ဦးတည်လျှောက်လာလေသည်။ ထိုကလေး၏အခြားလက်တစ်ဖက်က ကုန်တင်ကားအရုပ်ကလေးကို ကြိုးလေးတစ်ချောင်းဖြင့် ချည်ကာ မျက်နှာထက်မှာလည်း မျက်ရည်စီးကြောင်းများက အတိုင်းသားပင်။

ဆော့ကစားနေသော ကလေးများအုပ်စုအနီးသို့ ရောက်လာကာ ထိုဝဖိုင့်ဖိုင့်အမျိုးသမီးကြီး ဒေါ်မြင့်ခိုင်က

"သားတို့ အဘွားရဲ့ မြေးလေးလည်း ခေါ်ဆော့ပေးအုံးနော် သွားကလေး သူတို့နဲ့ဆော့နော်........ အမေအိမ်ပြန်လိုက်အုံးမယ်"

လက်တစ်ဖက်ကို အရှေ့သို့တွန်းပို့ကာ ထိုကောင်လေးအား အရှေ့သို့ထုတ်လိုက်တော့ ဆော့နေသည့် ကလေးများထဲမှ အသွက်ဆုံး ဖြစ်သော ရှိုင်းထက်သော် ဆိုသောကောင်လေးက ထိုကောင်လေးအနားသို့သွားကာ

"မင်းနာမည်ဘယ်လိုခေါ်လဲ "

စူးစမ်းချင်နေသောစိတ်ကြောင့်နှင့်တူပါသည်။ ရှိုင်းထက်သော်က ထိုကောင်လေး၏လက်မောင်းလေးအား ကိုင်လှုပ်ရမ်းကာ မေးမိလေသည်။ ထိုအခါ ထိုကလေးလေးက သူ့အသားကိုထိတာ မကြိုက်ဘူးထင်သည်။ သူ့အဘွား အနောက်သို့သူ၏ခန္ဓာကိုယ်သေးသေးလေးကို ကွယ်ထားကာ ပါးစပ်မှလည်း

"သိုပိုင်းရား....."

ထိုကောင်လေး၏အဖြေကြောင့် ရှိုင်းထက်သော်သာ မကဘေးတွင်အာရုံစူးစိုက်နေကြသော ကလေးသုံးယောက်မှာလည်း မျက်လုံးပြူးသွားကာ ကြောင်တောင်တောင်ဖြစ်သွားလေသည်။

"ဟမ်...... ဘာကြီး သိုပါး.....ဘာကြီး"

အသံစာစာလေးဖြင့် ခေါင်းကိုကုပ်ကာ ရှိုင်းထက်သော်တစ်ယောက် ထိုကလေးလေးအား ထပ်မေးနေပြန်၏။

HYDRANGEA (Completed) Where stories live. Discover now