(5)အတိတ်​တစ်​ချိန်​ (အတိတ်တစ်ချိန်)

Start from the beginning
                                    

"​အော်​ အားယန်​အ​ကြောင်း​တွေ​ပြောပြရမှာလား"

"အင်း"

အမှန်​တစ်​ကယ်​မှာ​တော့ နဂိုမူလ လန်​ရှင်းလျန်​၏မှတ်​ဥာဏ်​​တွေက အားယန်​ ဒီကမ္ဘာကို​ရောက်​ပြီး ၃ ရက်​​လောက်​တွင်​ပြန်​​ရောက်​လာ​လေသည်​။ လန်​ယန်​တစ်​ဖြစ်​လဲ ​ရှောင်​ရှင်း၏​ခေါင်းထဲတွင်​ တိမ်​လွှာနန်းမြိုင်​၏ စည်းကမ်း ၃၀၀၀ အပြင်​ ဆရာဖိုးဖိုးသင်​ကြားထားသည်​များအထိပါမှတ်​မိ​နေပြီဖြစ်​သည်​။ သို့​သော်​ သူက 'အတိတ်​​မေ့​နေသူ' မဟုတ်​ပါလား။

"အားယန်​ မှတ်​မိ​အောင်​ကြိုးစားကြည့်​ချင်​တယ်​။ စည်းကမ်း​တွေ၊ သင်​ခန်းစာ​တွေကိုက ပြန်​ဖတ်​ရင်​သိမှာဆို​ပေမဲ့ ကိုယ့်​အ​ကြောင်း​တွေကို​တော့ မသိနိုင်​ဘူး​လေ။"

"အင်း ဟုတ်​တာ​ပေါ့။ အဲ့တာ အစ်​ကိုတို့သိသ​လောက်​​ပြောပြမယ်​​လေ။ ဘာအ​ကြောင်း​တွေသိချင်​တာလဲ"

"ကျွန်​​တော့်​မိသားစုအ​ကြောင်းက​နေ စပြီး​ပြောပြ​ပေးနိုင်​မလား"

နဂို လန်​ယန်​၏မှတ်​ဥာဏ်​​တွေအလုံးစုံကို ​ရှောင်​ရှင်းရလိုက်​ပါ​သော်​လည်း မိသားစုနှင့်​ပတ်​သတ်​သည်​များကို​တော့မသိလိုက်​တာအမှန်​ပင်​။ အားလုံးကိုမှတ်​မိပါရက်​နှင့်​ ဘာ​ကြောင့်​များ ကိုယ့်​မိသားစုအ​ကြောင်းကိုမမှတ်​မိရသလဲ ဆိုသည်​က ​ရှောင်​ရှင်းအတွက်​ ပ​ဟေဠိတစ်​ခုလိုဖြစ်​​နေသည်​။

စစ်​​ကျွေး​ကောကျင့်​ရီပါ သိသိသာသာ မျက်​နှာပျက်​သွားသည်​။

"မိသားစုလား..."

ကျင့်​ရီက မ၀ံ့မရဲဖြင့်​​ပြောသည်​။

"အင်း။"

လန်​ယန်​က အားတက်​သ​ရော​ခေါင်းညိမ့်​သည်​။ သိချင်​လိုစိတ်​​တွေက အဆုံးအထိ​ရောက်​​နေလျက်​။

"​အ-​အော်​ အားယန်​ရဲ့ မိသားစုက..."

"စစ်​​ကျွေး! ကျင့်​ရီ!"

စစ်​​ကျွေးနှင့်​ကျင့်​ရီအား လှမ်း​ခေါ်လိုက်​သည့်​ ဂိုဏ်းသား​လေးတစ်​​ယောက်​​ကြောင့်​ စစ်​​ကျွေး​ပြောမည့်​စကားစပြတ်​သွားသည်​။

Into the Cultivation world (ကျင့်​ကြံခြင်း​လောကထဲသို့)Where stories live. Discover now