ငါ့အစ်ကိုတော်နဲ့အားကျန့်အတွက်ကတော့
စိတ်မကောင်းပါဘူး နှံ့ကြတာကိုး ခံပေါ့.....

ကိုယ်ကရင်ထဲပူပန်နေသော်လဲ ပျော်ပွဲစားထွက်နေ
သလိုစားသောက်နေကြတဲ့ ဟာတွေကို ရိပေါ်
ကြေးအိုးထဲထည့်ပိတ်ကာ မီးမြိုက်ပြီး ကင်ပစ်ချင်
သည် ။

" အဟင်း...ငါစိတ်တွေထိန်းထားတယ်နော်.."

" အူငဲ....အူငဲ....ဝါး.... ( လင်လိုချင်တယ် ) "

" မွေးပြီ...မွေးပြီ ယောကျာ်းလေး..."

အထဲက ကလေးငိုသံကြောင့် ရိပေါ်လဲအခုမှ
စိတ်ချသလိုနဲ့မြက်ခင်းပေါ်ခြေပစ်လက်ပစ်ထိုင်
ချလိုက်တော့သည်။

ခဏအကြာ လက်သည်နဲ့အစေခံတစ်ချို့က အနှီး
နဲ့ထုတ်ထားသော ကလေးကိုပိုက်ကာ ရိပေါ်ရဲ့
လက်ထဲကိုလာထည့်ပေးသည် ။

" ဂုဏ်ယူပါတယ် အရှင် မင်းသားလေးပါ "

လုံးတုတ်တုတ်နီတာရဲဖြစ်နေသောသားလေးကို
ကြည့်ကာ ရိပေါ် ပျော်လွန်းလို့မျက်ရည်တွေပါကျ
လာသည် ။

နှုတ်ခမ်းလေးတွေ နှုတ်ခေါင်းထိပ်လေးတွေကနီရဲနေ
ပြီးအသားတွေကဖွေးစွတ်ကာပန်းရောင်ဘက်ကို
သန်းနေသည်။

ပါးဖောင်းဖောင်းလေးတွေကိုရိပေါ်နမ်းလိုက်ပြီး
ကလေးကိုချီကာအထဲကိုဝင်သွားလိုက်သည် ။

အထဲမှာတော့ အချစ်က ပင်ပန်းသွားသဖြင့်အိပ်
မောကျသွားပြီဖြစ်သည် ။

ကလေးသေးသေးလေးကိုဆုရီတို့ကခဏဆိုပြီး
ယူသွားသောကြောင့်ထည့်ပေးလိုက်ပြီး ရိပေါ်က
တော့ အချစ်ရဲ့နဖူးကိုရေပတ်ဝတ်တင်ပေးနေရ
သည် ။

_________________________

" ရှောင်ရှင်းချန်ပါဆို..."

" မရပါဘူး ဝမ်ရှင်းချန်ပဲ ကိုယ်လုပ်လို့ရတာလေ
ကိုယ့်မျိုးရိုးနာမည်ထည့်ရမှာပေါ့ "

" ဟ...မင်းလုပ်လို့ရပေမဲ့ မွေးထားတာကငါလေ မရ
ဘူး ရှောင်ရှင်းချန်ပဲ "

" ဟာအချစ် ဦးဆောင်သူရဲ့မျိုးရိုးကိုပဲယူမှရမှာလေ "

" မရဘူး ရှောင်ရှင်းချန် " " ဝမ်ရှင်းချန် "

Bunny Empress ( Completed)Where stories live. Discover now