အခန်းထဲရောက်တော့စားပွဲဝိုင်းတွင်လေးယောက်
လုံးဝင်ထိုင်ပြီးခေါင်းချင်းဆိုင်နေကြသည်။" ဆောင်ကြာမြိုင်ရဲ့မြေအောက်ခန်းကိုဝင်ဖို့ဆိုလူ
တစ်ယောက်လိုတယ် ဒါပေမဲ့ငယ်ငယ်ချောချောလေးမှအဆင်ပြေမယ် "ဟောက်ရွှမ်းရဲ့စကားကြောင့်အကုန်လုံးရဲ့မျက်လုံးကစုန့်ဆုရီဆီကိုရောက်သွားသည်။
မကောင်းတာတစ်ခုခုဖြစ်တော့မလိုမျိုးခံစားရသော
ကြောင့်ဆုရီကျက်သီးမွှေးတွေထောင်တက်သွား
သည်။" ဘာ...ဘာ...ဘာကြည့်တာလဲ မကြည့်ကြနဲ့ငါ့ကို"
ရှောင်းကျန့်လူယုတ်မာပြုံးကာဆုရီရဲ့တစ်ကိုယ်လုံကို
စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။ဆုရီရဲ့မျက်နှာပေါက်မိန်းကလေးထက်ယောကျာ်း
လေးအပြင်အဆင်တွေနဲ့ပိုလိုက်သည်။အဲ့တာအပြင်ကိုဆုရီကသေးသေးကွေးကွေးအပြင်
မိန်းမတွေမှာရှိသင့်တဲ့အဖုအထစ်တွေဘာမှမရှိ.တင်စားပြီးပြောရရင် စုန့်ဆုရီရဲ့ body က 21 ရာစု
ကဟိုင်းဝေးလမ်းနဲ့နင်လားငါလားပဲ( မသာမလေးငါ့ကိုဆေးထိုးထားခဲ့သမျဒီတစ်ခါနင့်
အလှည့်ပဲ )" ဆုရီကိုယောကျာ်းပျိုလေးလိုပြင်ဆင်ပေးပြီးတော့
အဝတ်အစားအစုတ်တွေဆင်ပေးပြီးနေဝင်တဲ့အချိန်
ကိုလမ်းမမှာသွားပစ်ထားလိုက်မယ်လေ "" ရှောင်...ရှောင်း..ကျန့်...နင်...နင်..."
လျှာထုတ်ကာဆုရီရဲ့ပြောင်ပြလိုက်သည်.။
" နင်ဆိုငါ့ထက်တောင်ပိုချောသေးတယ်လေ နင်
လုပ်ပါလား.."" ဒါကတော့ ကိုယ့်တော့်မိဖုရားကကျန်းမာရေးသိပ်မ
ကောင်းသေးလို့ဒီကစုန့်မင်းသမီးကပဲအနစ်နာခံပေး
ပါလား..."ရေနွေးသောက်ကာအေးအေးဆေးဆေးနဲ့ရိပေါ်
ပြန်ပြောလိုက်သည်။" ကောင်းပြီလေ ဒါဆို တစ်ခုလုပ်ပေးရမယ် "
ပြောဆိုသည့်သဘောနဲ့မျက်ခုံးကိုပင့်လိုက်သည်...
" ကျမလက်မထပ်ချင်ဘူး အဲ့တာကြောင့်မို့ ချစ်ကြည်
ရေးမင်းသမီးအနေနဲ့ပဲနန်းတော်ထဲမှာနေမယ်နော်ရ
တယ်မလားဟင်..."
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "
Chapter 31
Start from the beginning