စုန့်ဆုရီဆိုသည်မှာလဲအန်းဖင်းမြို့ကိုရောက်ထဲက
မြို့စားအိမ်ကအစေခံမလေးတစ်ယောက်ကိုခေါ်
ပြီးထွက်သွားတာ အမြှီးတောင်မမြင်ရတော့ဘူး။ဟောက်ရွှမ်းလား.. ? သူကပိုဆိုးတယ်မတော်ရသေး
တဲ့ရည်းစားအတွက် အမှတ်တရလက်ဆောင်ပစ္စည်း
သွားဝယ်တာ အခုထက်ထိပေါ်မလာသေးဘူး။ငါပြောပါတယ် လုပ်ကြံတဲ့သူတွေသာရှိရင်
အခုချိန်ဆိုဈာပနအခမ်းအနားလုပ်နေပြီလို့။" ဘုတ်... !! "
" အ့.... !! "
ကိုယ့်ဘာသာကိုယ်ဟိုနှစ်ကောင်ကိုမေတ္တာပို့ရင်း
လမ်းချိုးတစ်ခုအရောက် လူတစ်ယောက်နဲ့တိုက်
မိသွားတယ်။အချစ်ကလွဲရင်ဘယ်သူ့ကိုမှမထိချင်တာကြောင့်.
ကိုယ်ကိုအမြန်စောင်းလိုက်တော့အဲ့ဒီ့လူက
မြေကြီးပေါ်ပြုတ်ကျသွားတယ်။ပြုတ်ကျသွားတဲ့ကောင်လေးကိုကြည့်လိုက်တော့
ငွေမှင်ရောင်ဆံနွယ်တွေနဲ့အပြာရောင်မျက်ဝန်း
တွေရှိတဲ့ကောင်လေးတစ်ယောက်။ဒါပေမဲ့ အဲ့ဒီ့မျက်ဝန်းတွေကမိဖုရားရဲ့လိုချင်တာမရ..
လို့စိတ်ကောက်နေတဲ့မျက်ဝန်းတွေလောက်မလှဘူး" အ...အရှင်...ပါလား..တောင်းပန်ပါတယ် ကျွန်
တော်သတိမထားမိလို့ပါ... "" မင်း.....က... "
" ကျွန်တော်က အန်းဖင်းမြို့စားရဲ့သား ဟုန်လီပါ"
" အာ... "
အခုရိပေါ်တို့နေတာကလဲ မြို့စားမင်းရဲ့အိမ်တော်
ဖြစ်သောကြောင့် ဒီကောင်လေးသူ့ကိုသိတာမဆန်း
ပေ။" အရှင်ဘယ်သွားမလို့လဲ ကျွန်တော်လိုက်ပို့ပေးရ
မလား "" အာ...နေပါစေ ဒီလိုပဲသွားစရာရှိလို့ပါ."
ထိုကောင်လေးကပြုံးပြကာ...
" တစ်ခုခုလိုချင်တာပဲဖြစ်ဖြစ် တစ်နေရာရာသွား
ချင်တာပဲဖြစ်ဖြစ် ကျွန်တော့်ကိုပြောပါနော် "" အာ...ရပါတယ် အစေခံတွေရှိတာပဲ "
" အစေခံတွေနဲ့ဟုန်အာနဲ့ကဘယ်တူပါ့မလဲအရှင်
ကျွန်တော်ကဒီမြို့အကြောင်းကိုကောင်းကောင်း
သိတော့အဆင်ပြေတာပေါ့ "
![](https://img.wattpad.com/cover/237184643-288-k630241.jpg)
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "
Chapter 29
Start from the beginning