စုန့်မင်းသမီးကတော့ထုံးစံအတိုင်းဝတ္တရားမပျက်
မြင်းလှည်းရပ်ထားသောသစ်ပင်ပေါ်မှာ
သစ်ကိုင်းကိုအားရပါးရခွကာပါးစပ်တွင်လဲ
သစ်ကိုင်းအသေးလေးကိုအားရပါးရကိုက်နေ
သည်။

" အဟိ....အဟိ...အားကျန့်တော်တော်နာသွားမယ်
   ထင်...ထင်... "

" ဂျွတ်....ဖြောင်း.... !!! "

" ဘုတ်... !! "

" အောင်မလေးသေပါပြီဟ... "

ဖင်တခြမ်းလုံးအောင့်သွားသော်လဲမြင်းလှည်း
ထဲမှာအချစ်ငှက်နှစ်ကောင်ရှိနေသောကြောင့်
ပါးစပ်ကိုလက်နဲ့အုပ်ကာအံကြိတ်ထားရသည်။

" သောက်...သစ်ကိုင်းသောက်ကောင်းကျိုးကိုမ
  ပေးဘူး "

__________________________

28

ညနေခင်းရောက်သောအခါ တောတွင်းနေရာ
တစ်ခုသို့ရိပေါ်တို့ရောက်လာကြသည်။

မြင်းလှည်းထဲတွင် စုန့်ဆုရီနဲ့ရှောင်းကျန့်က.
ခေါင်းချင်းဆိုင်ကာအိပ်ပျော်နေပြီး
ရိပေါ်ကတော့စာအုပ်ဖတ်နေသည်။

သစ်ပင်အပင်ကြီးတစ်ပင်အောက်ရောက်သော
အခါ စာနဲ့ရေးကာမြင်းလှည်းသမားကိုပြပြီး
လှည်းကိုရပ်ခိုင်းလိုက်သည်။

" ဟောက်ရွှမ်း ဆုန့်စုရီကိုဒီနားကရွာတစ်ရွာကို
   ခေါ်သွား မနက်မိုးလင်းမှမင်းတို့ဒီကိုပြန်လာခ့ဲ
   ကြားလား "

" ဟုတ်က့ဲအရှင် "

အိပ်ပျော်နေသောစုန့်ဆုရီကိုဟောက်ရွှမ်းပွေ့ကာ
မြင်းပေါ်တင်ပြီးထွက်သွားလေသည်.။

မြင်းလှည်ဆရာကိုလဲခပ်လှမ်းလှမ်းတွင်နေခိုင်း
ကာမြင်းလှည်းကဘာကြီးပဲဖြစ်နေပါစေအနားကို
မလာနဲ့လို့စာနဲ့ရေးပြီးမှာရသည်။

________________________

ရှောင်းကျန့်နိုးလာတော့တစ်ကိုယ်လုံးကိုတစ်
စုံတစ်ခုကတင်းကျပ်စွာစည်းနှောင်ထားပြီး
လက်နှစ်ဖက်ကအပေါ်ကိုမြှောက်ကာတစ်ဖက်
စီတွင်ချည်းထားရသလိုခံစားရသည်။

အ့ဲတာအပြင် ခြေထောက်တွေကိုလဲ တစ်ဖက်စီ
တွင်ချည်နှောင်ထားသလိုခံစားရသောကြောင့်
သူလန့်သွားသည်။

Bunny Empress ( Completed)Waar verhalen tot leven komen. Ontdek het nu