Episode 25 (Zawgyi) {Final}

Start from the beginning
                                    

Injun လည်း ဆိုင်ထဲက ထွက်ခဲ့ပြီးနောက် အပြင်ဘက်က ထိုင်ခုံမှာ ထိုင်လိုက်သည်။ လက်နှစ်ဖက်ကို မျက်နှာမှာ အုပ်ထားကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ မှိတ်ထားမိတဲ့ မျက်ဝန်းအစုံကို ဖွင့်လိုက်ချိန်မှာ သူ့အရှေ့က ထိုင်ခုံမှာ ထိုင်နေသည့် Jeno ကို တွေ့လိုက်ရသည်။

"Injun ကိုယ် တောင်းပန်ပါတယ်။ ကိုယ်က မင်း အခုတလော အလုပ်တွေ အများကြီး လုပ်နေရတော့ ပင်ပန်းမှာစိုးလို့ပါ။ ကိုယ်တိုင် ဆွဲချင်တယ်ဆို ဆွဲကြတာပေါ့။ ကိုယ်လည်း ကူညီပေးပါ့မယ်"

အပိုင်း (ခ)

Jeno ကို Injun အချစ်တိုးရသည့်ထဲတွင် ဒီအချက်လည်း ပါသည်။ ဘာလဲဆိုတော့ စကားများလို့ Injun က မှန်နေသည်ဖြစ်စေ၊ Jenoက မှန်နေသည်ဖြစ်စေ Injun ထထ ထွက်သွားတိုင်း ပစ်မထားဘဲ နောက်က အမြဲလိုက်ကာ ဖြေရှင်းလေ့ရှိသည်။ တစ်ခါ တစ်ရံ စိတ်အခန့်မသင့်လွန်းပြီး Injun က ဆွဲထိုးရင်တောင် အပြစ်မပြောဘဲ ငြိမ်ခံနေတတ်သည်။

ပြီးရင် Injun ပြောသည်ကို, အဆင်မပြေလျှင် မဖြစ်နိုင်ကြောင်း အရစ်တစ်သိန်းနဲ့ ဒေါသပေါင်းများစွာကို စိတ်ရှည်ရှည်ထား သည်းခံရင်း အေးဆေး ဖြေရှင်းလေ့ရှိသည်။ လက်ခံနိုင်သည့်အရာ၊ အဆင်ပြေသည့်အရာတွေဆို သူ့ဆန္ဒကို နောက်ပို့ပြီး Injun ဆန္ဒ ကိုသာ ဦးစားပေးတတ်သည်။ ဒီလို ဆိုးတဲ့ ကိုယ့်ကို သူက အမြဲ သည်းခံပေးနေမှတော့ အချစ်တွေ တိုးမိနေတာ ဆန်းသလားလို့။ တစ်ခါတစ်လေတော့လည်း အရိုး တစ်ခြား အသား တစ်ခြား ခွာပစ်ချင်လောက်တဲ့အထိ အမြင်ကတ်ရပါသည်။ အင်း ရှိစေတော့။

"ငါ .. တောင်းပန်ပါတယ် Jeno။"

"တောင်းပန်စရာ မလိုပါဘူး Injun။ ကိုယ်ကပဲ တောင်းပန်ရမှာပါ။ မင်း စိတ်ထဲက ပျော်သလို လုပ်ပါ။ ကိုယ်က မင်းပျော်တာ မြင်ရမှ ပျော်တဲ့သူမို့ပါ။ ကဲ အခု ဘယ်လိုလုပ်ချင်လဲ"

"ဟီး တကယ် ငါ့လုပ်ချင်သလို လုပ်လို့ရတယ်နော်"

"အင်း လုပ်လို့ရတယ်"

"ဒါဆို မင်းနဲ့အတူတူ ကိုယ်တိုင် ဒီဇိုင်းဆွဲချင်တယ်"

"ကိုယ်နဲ့ အင်းပါ ကိုယ် ဘာမှတော့ မသိဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်။"

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now