Episode 24 (Zawgyi)

Start from the beginning
                                    

အခု ဘေးနားမှာ သူ့ပုခုံးကို မှီရင်း အိပ်ပျော်နေတဲ့ Renjun ကို Jaemin ငေးကြည့်ရင်း လေယာဉ်စီးသည့် တစ်လျှောက် ငေးကြည့်နေခဲ့သည်။ ကိုယ့်ကောင်လေးမို့ ပြောတာမဟုတ်ဘူး ဒီကောင်ဘေးဟာ တကယ့်ကို ချစ်စရာ ကောင်းသည်။

Jaemin တို့နှစ်ယောက် နာရီပေါင်းများစွာ လေယာဉ်စီးပြီးတဲ့နောက်မှာ ကိုရီးယားကို ပြန်ရောက်လာခဲ့သည်။ လေဆိပ်ကိုရောက်​တော့ Injun နဲ့ Jeno လာကြိုလေသည်။

အပိုင်း (ခ)

မဂ်လာဆောင်တုန်းက ဓာတ်ပုံလေးတွေ ရလာသော Renjun တစ်ယောက် ကုတင်ပေါ်မှာ ငြိမ်ပြီး ထိုင်ကြည့်နေလေသည်။ Jaemin လည်း Renjun ဘေးမှာ ထိုင်ပြီး တူတူကြည့်လိုက်သည်။ Honey moon ထွက်တုန်းက ရိုက်ထားတဲ့ ပုံတွေကတော့ Jaemin အလုပ်မအားသေးသည့်အတွက် မထုတ်ရသေး။

"အဲ့နေ့က ငါ ချစ်စရာလေးနော်"

မဂ်လာဆောင်ပြီးမှ ပိုပြီး စနောက်တတ်လာတဲ့ Renjun ကို Jaemin အချစ်တွေ တိုးရသည်။
အခုလည်း သူ့ဓာတ်ပုံကို သူပြန်ကြည့်ရင်း လိပ်ကလေး လုပ်နေရှာသည်။

"အင်း အူကြူးက အမြဲတမ်း ချစ်ဖို့ကောင်းနေတာ"

Jaemin နှစ်လိုဖွယ် ပြုံးလိုက်ပြီး Renjun ဆံပင်လေးကို လက်ဖြင့် အသာအယာ ဖွ ကစားရင်း ပြန်ဖြေလိုက်သည်။

"ဒီမှာကြည့် မောင်"

မဂ်လာဆောင်တုန်းက Injun နဲ့ Jeno နမ်းနေတဲ့ပုံ ရိုက်မိထားတာကို Jaemin ဘက် လှည့်ပြလေသည်။

"အစ်ကို မဂ်လာဆောင်မှာ လာကဲနေတာ"

ဓာတ်ပုံလေးကို ကိုင်ကြည့်ရင်း တစ်ယောက် တည်း ပွစိ ပွစိ ပြောနေလေသည်။

"အဲ့ပုံလေးထဲမှာ Injun hyung ရော Jeno hyung ရော ချစ်ဖို့ကောင်းလို့ သူတို့ကို ပေးဖို့ မောင်က ထုတ်လိုက်တာလေ။ ဒါကို အူကြူးက ယူထားတာလား။ ဘာလုပ်ဖို့လဲ"

"နောက်ထပ် တစ်ပုံ ထပ်ထုတ်ပြီးမှ ပေးလိုက်လေနော်။ ခုက ငါတို့ မဂ်လာဆောင် ဓာတ်ပုံတွေ ပြန်ကြည့်တိုင်း အမှတ်တရ တစ်ခု အနေနဲ့ ဒါကို ထည့်ထားလိုက်တာ"

"အင်းပါ ဟုတ်ပါပြီ"

"ဒါနဲ့ မောင် ဒီပုံ ရိုက်ထားတာ သူတို့ မသိဘူးမလား"

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now