" အော်.... အဲ့လိုလား ဟင်းဟင်း "

ရှောင်းယွမ်သားဖြစ်သူရဲ့ရီသံကြောင့်ကျောထဲ
ကစိမ့်ပြီးအေးသလိုလို

သူ့သားရီနေတဲ့ပုံကလဲမကောင်းဆိုးဝါးနဲ့တူပြီး
ခေါင်းမှာတောင်ဂျိုလေးတွေထွက်လာသယောင်
ယောင်

ကြည့်ရတာငါ့သားကိုရေထဲကနေအပမှီလာတာလား

___________________________________

လက်ထပ်ပွဲနေ့....

ကောင်းကင်ခန်းမ.....

နန်းတော်တစ်ခုလုံးကိုအနီရောင်များနဲ့လွှမ်
ခြုံထားပြီးအပျိုတော်များကလဲဗန်းတွေကိုမကာနန်း
တော်ထဲတွင်ပြေးလွှားနေကြသည် ။

လှေကားထစ်တစ်လျောက်တွင်အနီရောင်ကော်
ဇောတွေကိုခင်းကျင်းထားပြီးအမတ်တွေအမှုထမ်း
တွေကလဲသူ့နေရာနဲ့ထိုင်နေကာစိတ်ထဲကမပါသော်
ငြား ဟန်ဆောင်စကားများနဲ့ချီးကျူးနေကြသည် ။

ထိပ်ဆုံးတွင်တော့တိုင်းပြည်ရဲ့ထိုက်ဖေးမယ်တော်
ကြီးကရွှေရောင်ဇာမဏီဝတ်စုံကိုဝတ်ဆင်ကာ
ဇာမဏီဆံထိုးကိုပန်ဆင်ထားပြီးကျက်သရေရှိစွာ
ထိုင်နေသည် ။

မယ်တော်ကြီးရဲ့ရှေ့တွင်တော့နတ်နန်းဆရာက
တောင်ဝှေးကိုကိုင်ကညမတ်တပ်ရပ်နေသည် ။

အနီရောင်တောက်နေသောပိုးထည်စပေါ်တွင်ငွေမှင်
ကြိုးနဲ့နဂါးပုံကိုထွင်းထားသောဝတ်ရုံကိုဝတ်ပြီးနဖူး
စည်းအနီနဲ့ဆံပင်တွေကိုဖြန့်ချကာ မျက်နှာသေနဲ့မတ်
တပ်ရပ်နေသောရေမြေ့သခင် အရှင်ဝမ်ရိပေါ်

ခဏအကြာတီးမှုတ်သံများနဲ့အတူ လူအများသယ်
ဆောင်လာသောအနီရောင်ဝေါယာဉ်တစ်ခု
လှေကားထစ်ရဲ့အောက်ခြေတွင်ရပ်လိုက်သည်။

အောင်သွယ်တော်ကဝေါယာဉ်ရဲ့အနီရောင်
လိုက်ကာစကိုဖယ်ပြီးအထဲကသတို့သားဖြစ်
သူရဲ့လက်ကိုဖြေးညှင်းစွာဆုပ်ကိုင်ပြီးအပြင်
ကိုထွက်ဖို့ကူညီပေးသည်။

အနီရောင်ဝတ်ဆုံကိုပဲဇာမဏီငှက်ပုံများထိုးသော
ဝတ်စုံနဲ့ဇာပုဝါအပါးလေးအုပ်ထားသောသူကို
အကုန်လုံးကငေးမောကာကြည့်နေကြသည်။

Bunny Empress ( Completed)Where stories live. Discover now