" ဟီးဟီး...စိတ်မစိုးရဘူးလေ အမှန်တော့အဲ့တာ
ကအမှားလေးနည်းနည်းဖြစ်သွားတာ ဟီးဟီး.."" မင်းမေလင်ကိုအမှားနည်းနည်းလားဟမ်အေး
ငါများကို bad review ပေးမှာနော်..."" အာ...နေ...နေ..နေပါဦးအဲ့လိုလုပ်လို့မရဘူးလေ
ကျွန်တော်ကလူနာမည်တွေတူတာကတအား
များသွားတာတော့ခေါင်းကအရမ်းကိုက်သွားတာ.."" ထားပါတော့ ..."
" ဟီး...အမှန်ကလေ ခင်ဗျားကစစ်သေနာပတိချပ်
ရဲ့သား ရှောင်းကျန့်ကိုယ်ထဲဝင်ရမှာ အခုအဲ့ထဲကို
ပို့ပေးမယ်နော် Good review လေးပေးသိ
လား ""ဒီဖေ... !! "
ဆဲလို့မှမဆုံးသေးသူ့ရဲ့ခန္ဓာကိုယ်ကိုအဖြူ ရောင်
အငွေ့များကလွှမ်းခြုံသွားသည်။ရှောင်းကျန့်သတိရလာတော့နူးညံ့နွေးထွေးတဲ့
အိပ်ရာထဲမှာရောက်နေသိရသည်။သူ့ခန္ဓာကိုယ်ကိုအားယူကာထလိုက်တော့ချလွင်
ဆိုတဲ့ခြူ သံလေးကခြေထောက်နားကနေ
ထွက်ပေါ်လာသည်။သူ့ခေါင်းကမတရားကိုက်နေသောကြောင့်နား
ထင်ကိုလက်နဲ့ဖိထားပြီးခဏမှိန်းနေလိုက်သည်။" အယ်...သခင်လေးနိုးလာပြီလား.."
အသံစူးစူးလေးတစ်ခုကသူ့အနားကိုအလျင်အမြန်
ရောက်ရှိလာသည်။" တော်သေးတာပေါ့သခင်လေးရယ်မသေ
ကောင်းမပျောက်ကောင်း ကွေ့ဖေးမယ်မယ်က
တော့စိတ်မကောင်စရာပဲရေမွှန်းပြီးဆုံးသွားပြီ "" ဆုံးသွားပြီလား..."
"ကွေ့ဖေးမယ်မယ်ရေထဲကျသွားလို့သခင်လေးက
ဆင်းကယ်တာလို့မိဖုရားငယ်ကပြောတယ်သခင်လေး"( သောက်ကလိန်ကကျစ်မ )
ရှောင်းကျန့်အားနည်းနေသောကြောင့်အိပ်ရာထက်
တွင်အိပ်ကာ မှတ်ဥာဏ်တစ်ချို့ကိုရှာဖွေလိုက်သည်။ဒီခန္ဓာကိုယ်ပိုင်ရှင်နာမည်ကရှောင်းကျန့်ပဲဖြစ်ပြီး
စစ်သေနာပတိချုပ်ရဲ့သားဖြစ်သည်။သူကအရမ်းကိုသိမ်မွေ့နူးညံ့လွန်းပြီးပန်းလေးတစ်
ပွင့်လိုချစ်စရာကောင်းသည်.။
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "
Chapter 6
Start from the beginning